Zawgyi
ဆူဂျင်း နဲ့ လီဆာ တို့နှစ်ယောက်စလုံး ဂျင်းနီ ရဲ့ ထိုစကားကြောင့် ရှောခ့် ရသွားကာ ခေတ္တမျှ ကြောင်စီသွားလေတော့သည်။
ဂျင်းနီ ကတော့ ထိုလူနှစ်ယောက်ရဲ့ အံ့သြနေမှုကြီး ကို အခွင့်ကောင်းယူကာ....."ဒါဆို ငါ က ဒီမှာ ရှိနေစရာတောင် မလိုတော့ဘူးပဲ...."
ဂျင်းနီ ထိုကဲ့သို့ပြောလိုက်ပြီးနောက် တိုက်တိုက်ဆိုင်ဆိုင်ပင် သူမ တို့ ၀ိုင်း ကို waiter လေးတစ်ယောက် က ရောက်လာပြီး လီဆာ မှာထားပုံရသည့် စားစရာတွေကို လာချပေးနေလေသည်။
"ဟုတ်တယ်မလား..??"
သူမ waiter လေးကို ကြည့်ပြီးမေးလိုက်သည်မို့ ထို waiter ကလေးမှာ ခေါင်းလေးတကုတ်ကုတ်ဖြင့် 'အယ် တွေ....ဟိုတွေ....ဘာတွေ´ လုပ်နေသည်မို့ ဂျင်းနီ နောက်ထပ်တစ်ဖန်ထပ်မေးလိုက်လေ
သည်။"ဟုတ်တယ်မလား....!"
ထို waiter ကလေးမှာ ဂျင်းနီ ကြောင့် အကြပ်ရိုက်သွားသည်ထင်သည်။သူမ ရဲ့ စကားကို ထောက်ခံသည့်သဘော ဖြင့် ခေါင်းငြိမ့်ပြသွားက နှုတ်ကလည်း 'ဟုတ်မယ်လို့ ထင်တာပဲဗျ´ ဟု ပြောသွားလေသည်။
ဂျင်းနီ ထို waiter လေး ရဲ့ စကားကြောင့် ပြုံးမိသွားကာ လီဆာ့ ကို လည်း တည့်တည့်စိုက်ကြည့်လိုက်သလို သူမ ရဲ့ နောက်ကျောဘက်ကလည်း သက်ပြင်းချသံအရှည်ကြီး ကို ကြားလိုက်ရလေသည်။
"ကဲ ဆိုတော့.......ငါ......"
"နင် က ဘာလို့ အဲလိုထင်ရတာလဲ..."
သူမ ရဲ့ စကားကို ဖြတ်ပြောလာသော လီဆာ့ ကြောင့် ဂျင်းနီ က အပျင်းတစ်နေသော ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ စားပွဲပေါ်သို့ လက်တင်ပြီး မေးထောက်လိုက်ကာ လီဆာ့ ကို ကြည့်နေလိုက်လေသည်။
"ဘာလို့,လို့ ထင်လဲ...?"
ဂျင်းနီ ထိုကဲ့သို့ ပြန်ပြောလိုက်ပြီးနောက် သူမ ၏ ရှေ့တွင် ရှိသော ကော်ဖီမွှေသည့် ဇွန်းကလေးက ကောက်ကိုင်လိုက်ကာ သူမ ရဲ့ ကျန်လက်တစ်ဖက်အား အလုပ်ပေးလိုက်လေသည်။
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...