Zawgyi
"လာလီဆာ နင်က ငါ့ကို ရသွားပြီဆိုတော့........အခု နင် လုပ်ချင်ချင်တိုင်းလုပ်လို့ရသွားပြီလို့ ထင်နေတာမလား....!!!"
"မဟုတ်ဘူးလေကွာ......အခုက......."
"အေး....အခုက ဘာလဲ!!.....ကျောင်းစတက်ကတည်းက သောက်လာတာ အခု နင်က မသောက်နဲ့ ဆိုတော့ ငါက မသောက်ကတော့ဘူးပေါ့!!......နင့် ထက်စာရင် သူက ငါ နဲ့ relationship သက်တမ်းကပိုများတယ်ဆိုတာ သိတယ်မလား......အဲကြောင့် ငါ့ကို မတားနဲ့.....!!!"
"အင်း......အဲဆိုလည်း သဘောပဲ သောက် သောက်"
"ဟမ့်.......ငါ မူးပြီးမှောက်သွားလည်း ဂရုမစိုက်ဘူးဆိုတဲ့သဘောပေါ့လေ....!"
"နီနီ ပဲ သောက်မယ်ဆို.....အဲမို့ ကိုယ် က သောက်လို့ပြောတာလေ....."
"အဲတာတွေပြောတာပေါ့.........ချယ်ယောင်း........ငါ နင့် ကိုပြောပြမယ်.......ရည်းစားလုံးဝ မထားနဲ့......မကောင်းဘူး.......မယုံရင် အခု......ငါ့ကိုပဲကြည့်......."
ဆိုဂျူ သောက်မည့် ကိစ္စနှင့်ပက်သတ်ပြီး တစ်ယောက်နှင့် တစ်ယောက် တိုင်ပတ်နေရာမှ ချယ်ယောင်း ဘက်ကို လှည့်လာသော ဂျင်းနီ ကြောင့် ချယ်ယောင်း ဂျင်းနီ ရဲ့ စကားကို ထောက်ခံစွာဖြင့် တစ်ခွန်းထဲပြန်ပြောလိုက်လေသည်။
"ဖြတ်လိုက်လေ ခက်သလားလို့......"
ချယ်ယောင်း စကားကြောင့် လီဆာ ရဲ့ လေဆာမျက်လုံးကြီးမှာ ချယ်ယောင်းထံသို့ ဒိုင်းကနဲ။
"အေး....ကြိုပြောထားမယ်နော်.....သိပ်ကဲမနေကြနဲ့......နင်တို့ကလွဲအကုန် သောက်fa တွေကြီးပဲ........အဲမို့ အပေါက်မပိတ်ရင် ကွဲကြဖို့သာပြင်...!"
ချယ်ယောင်း ဆိုဂျုလေးဝင်နေသဖြင့် စကားလုံးတို့က အနည်းငယ် ခါးနေလေသည်။
သို့သော် ချယ်ယောင်း ရဲ့ စကားကို လူငယ်တွေအားလုံးက ခေါင်းငြိမ့်ကာ ထောက်ခံကြလေသည်။
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...