Zawgyi
သူမ တို့ကျောင်းဆင်းတော့ ချယ်ယောင်း က ဂျင်းနီ ရဲ့ လွယ်အိတ်ကို ယူကာ ပြေးသွားလေသည်။
ချယ်ယောင်း ရဲ့ ရုတ်တရက်ဆန်လှသော အပြုအမူကြောင့် ဂျင်းနီ လန့်သွားကာ ချက်ချင်းပင် ချယ်ယောင်း နောက်ကို ပြေးလိုက်သွားလေသည်။
ဒီလိုနဲ့ ဂျင်းနီ ချယ်ယောင်း နောက်က ပြေးလိုက်ရင်း စက်ဘီး ထားသည့်နေရာသို့ ရောက်သွားတော့ ချယ်ယောင်း က စာအုပ်တစ်အုပ်ကို ဖင်ပြန်ခေါင်းပြန်မွှေနှောက်ကာ ကြည့်နေလေသည်။"ဟိုစာရွက်ကရော?"
ချယ်ယောင်း ၏ အမေးကြောင့် ဂျင်းနီ ရဲ့ မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်လာပြီး
"ဟားဟား....နင့် အကြောင်းသိလို့လေ ဒီမှာ...!"
သူမ ၏ အင်္ကျီအိတ်ကပ် ထဲမှ သူမ အရံသင့်ဖြဲထားသည့် စာရွက် ကို ထုတ်ပြကာလိုက်တော့ ချယ်ယောင်း က သူမ ကို အသားဖြတ်တော့မည့် နှယ် ကြည့်နေကာ သူမ လက်ထဲက စာရွက် အား လိုက်ကာ လုလေတော့သည်။
ဂျင်းနီ လည်း ချယ်ယောင်း လက်က လွတ်အောင်ပြေးရင်း ခပ်လှမ်းလှမ်းတွင် ဂျီဆူ တို့ကို မြင်လိုက်သဖြင့် ဂျီဆူ တို့နား ကို အမြန်ပြေးသွားလိုက်ကာ ဂျီဆူ့ နောက်တွင် ပုန်းနေလိုက်လေသည်။"ရား....ဂျင်းနီကင်! နင် သတ္တိရှိရင် ထွက်လာခဲ့!!!"
ချယ်ယောင်း ရဲ့ စကားကြောင့် ဂျင်းနီ တစ်ယောက် ဂျီဆူ့ နောက်မှတွင်ပုန်းနေရာမှ ချယ်ယောင်း အား လျှာထုတ်ကာ ပြောင်ပြလိုက်လေသည်။
ထို့နောက် ချယ်ယောင်း မြင်သာစေရန် စာရွက်ကို ထောင်ပြလိုက်ပြီးနောက် ထိုစာရွက်အား ဂျီဆူ့ ဘေးနားတွင် ရပ်နေသော လီဆာ့ ၏ အိတ်ကပ်ထဲသို့ လီဆာ မသိအောင် အနောက်မှ တိတ်တိတ်ကလေး ထည့်လိုက်လေသည်။ထို့နောက် ချယ်ယောင်းကို မျက်ခုံးပင့် မေးငေါ့ပြကာ 'နင် ဘာတတ်နိုင်သေးလဲ´ ဟူ သော ပုံစံ လုပ်ပြလိုက်ပြီးနောက် အနိုင်ရသူတစ်ယောက်၏ အပြုံးကို နှုတ်ခမ်းတွင်ချိတ်ဆွဲလိုက်လေသည်။
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...