Zawgyi
ဂျင်းနီ ရဲ့ နှုတ်ဆက်ခြင်းကိုခံလိုက်ရသော လူငယ်တစ်စုမှာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် သူမ တို့ ထိုင်နေသောစားပွဲနားကို ရောက်ရှိလာကြလေသည်။ထို့နောက် ဂျင်းနီ နှင့် မျက်လုံးချင်းဆုံခြင်း မပြုဘဲ ခေါင်း ကို တွင်တွင် ငုံ့ထားကြလေသည်။
အချိန်တော်တော်ကြာသည်အထိ ဂျင်းနီ မှာ သူတို့ကို စကားပြောလာခြင်း မရှိသော်လည်း တစ်ယောက်မျှ စောဒက မတက်ရဲကြချေ။
သို့သော်လည်း မတ်တပ်ရပ်နေရသည်မှာ ကြာလာသည်နှင့်အမျှ ခြေထောက်ထောက်တွေကလည်း တစ်စတစ်စဖြင့် ထုံကျင်လာပြီဖြစ်လေသည်။
ခြေထောက် က နာကျင်မှုကို သည်းမခံနိုင်တဲ့အဆုံးတွင် သူတို့ထဲမှ လူငယ်တစ်ယောက်က စတင်ကာ မ၀ံ့မရဲဖြင့် စကားဆိုလာလေသည်။"အစ်...အစ်...ကိုကြီး......ကိစ္စမရှိရင်....."
ထိုလူငယ်ရဲ့ အသံကြောင့် ပီဇာ ကိုပါးစပ်ထဲထည့်ရန် ဟန်ပြင်နေသောဂျင်းနီ ရဲ့ လက်ကလေးမှာ လေထဲတွင်တန့်သွားပြီး သူတို့အုပ်စုရှိရာဘက်သို့ ခေါင်းလှည့်လာလေသည်။
"အာ.....ဆောရီး....နင် တို့ရှိနေတာငါမေ့သွားတယ်!"
'မေ့သွားတယ် ဟုတ်လား ပြောတော့လွယ်လိုက်တာ သူတို့ရပ်နေတာ တစ်နာရီ နီးပါးတောင် ရှိနေတဲ့ဟာကို´
ထိုစကားကတော့ ထိုလူငယ် အားလုံးရဲ့ စိတ်ထဲတွင်သာ ရှိနေသော စကားဖြစ်ပြီး အပြင်ကိုတော့ ထုတ်မပြောဖြစ်ကြပါ။ပြောလို့လည်းမဖြစ်ဘူးလေ မတော်လို့ လက်သီးစာမိသွားရင် ဘယ်နှယ့်လုပ်ပါ့......သူမလေးရဲ့ လက်သံပြောင်မှုကိုတော့ ဟိုတစ်နေ့ကတည်းက သူတို့အားလုံး တော်တော် ကို လက်လန်သွားကြပြီမဟုတ်ပါလား......
"ဘာမှမဟုတ်ဘူး ဒီတိုင်းမြင်လို့ခေါ်လိုက်တာ...."
သူမ ပြောချင်ရာပြောပြီး ပီဇာ ထံသို့ ပြန်၍ အာရုံစိုက်သွားသော ထိုကောင်မလေးကြောင့် သူတို့ရဲ့ ကျောက်ချထားသကဲ့သို့ တုတ်တုတ်မျှမလှုပ်တော့သော ခြေထောက်တွေကို မနည်းဆွဲနှုတ်လိုက်ကြပြီးနောက် ထိုနေရာမှ တရွေ့ရွေ့ဖြင့် ထွက်သွားကြလေသည်။
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...