Zawgyi
ဂျင်းနီ က သူမ ရဲ့ အခန်း ထဲသို့ ဘာမပြောညာမပြောနဲ့ ရောက်လာပြီး သရဲဘီလူးကိုမြင်လိုက်ရသည့်နှယ် ပြေးထွက်သွားသည်မို့ ခေတ္တမျှကြောင်အ,သွားသော်လည်း ထိုပုံရိပ်လေးကြောင့် သူမ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ပေါ်ပေါက်လာလေတော့သည်။
နောက်ပြီး ဂျင်းနီ က သူမ ရဲ့ အခန်း တံခါး ကို ပြန်ပိတ်မပေးခဲ့သည်မို့ ကုတင်ပေါ်မှ ထ,ကာ အခန်းတံခါးကို သွားပြန်ပိတ်လိုက်လေသည်။
တံခါးပြန်ပိတ်ပြီးသည်နှင့် စာကြည့်စားပွဲသို့ သွားရန် ခြေလှမ်းပြင်လိုက်တော့ သူမ ရဲ့ ခြေထောက်အောက်တွင် တစ်စုံတစ်ခု ရှိနေသည်ကို ခံစားမိလိုက်ရသဖြင့် ခြေထောက်ကို ဖယ်ကာကြည့်လိုက်တော့ စာရွက်ခေါက်လေးတစ်ခု ဖြစ်နေလေသည်။
လီဆာ ထိုစာရွက်ခေါက်လေး ကို ကောက်လိုက်ကာ စာကြည့်စားပွဲတွင် သွားထိုင်လိုက်လေသည်။
ထို့နောက် စာကြည့်စားပွဲပေါ်တွင် ထိုစာရွက်ခေါက်လေးအား တင်လိုက်ကာ တစ်ခုခု ကို စဉ်းစားနေလေသည်။
ထိုစဉ် အိမ်အောက်ထပ် မှ သူမ ရဲ့ မေမေ က လှမ်းခေါ်နေသဖြင့် ထိုစာရွက်ခေါက်လေးကို သူမ ရဲ့ အနီးအနားတွင်ရှိသော ဘောပင်ထည့်သည့်ဗူး ထဲသို့ ထည့်လိုက်ကာ အောက်ထပ်ကို ဆင်းသွားလိုက်လေတော့သည်။...........
တစ်ဘက်တွင်လည်း ဂျင်းနီ တစ်ယောက် သူမ ရဲ့ အိမ်သို့ အောင်မြင်စွာ ပြန်ရောက်ရှိလာသဖြင့် ပီတိတွေဖြာနေလေသည်။
ထို့နောက် အိမ်ထဲသို့ ဘာမှ မဖြစ်သလိုပြန်ဝင်လာလိုက်ကာ ဆူဂျင်း တို့ မာတာမိခင် တို့နှင့် အတူ စကားဝိုင်းဖွဲ့ကာပြောနေလိုက်လေသည်။ညနေစောင်းလောက်ကျတော့ ဆူဂျင်း အိမ်မှ ဆူဂျင်း ကို
လာကြိုသဖြင့် ဆူဂျင်း တစ်ယောက် အိမ်ပြန်သွားလေသည်။
ဆူဂျင်း အိမ်ပြန်သွားမှ ဂျင်းနီ လည်း သူမ ရဲ့ အခန်းထဲသို့ဝင်ပြီး အေးအေးဆေးဆေး ရေချိုးနေလိုက်လေသည်။
ရေချိုးပြီး အပြင်ပြန်ထွက်လာတော့ ကုတင်ပေါ်တွင် သူမ ချွတ်ထားခဲ့သော ကျောင်းဝတ်စုံမှာ ပျောက်နေသဖြင့် အောက်ထပ်သို့ အလောတကြီးဆင်းသွားကာ
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...