Zawgyi
အိုဂျီဟွန်း ညဥ့်နက်သည်အထိ အလုပ်လုပ်နေရင်း အိပ်ချင်လာပြီဖြစ်သော်လည်း အလုပ်ကိစ္စတွေက မပြီးပြတ်သေးချေ။
ထို့ကြောင့် ကော်ဖီ ဖျော်ရန် အောက်ထပ်သို့ ဆင်းသွားလိုက်လေသည်။
အောက်ထပ်ကို ရောက်တော့ ထမင်းစားပွဲတွင် ငူငူငိုင်ငိုင်ကြီးထိုင်နေသော ချစ်ရသူကို တွေ့လိုက်ရသဖြင့် စိတ်ပူသွားလေတော့သည်။
"bae ဘာဖြစ်လို့လဲ....?"
"........"
ချစ်ရသူက မည်သည့်စကားမှ ဖွင့်အံမလာသည်မို့ ဂျီဟွန်း ပိုစိတ်ပူသွားလေတော့သည်။
"ကိုကို...."
"အင်း...."
"bae ဟင်းချက်သင်တန်းတက်ချင်တယ်"
"ဟင်...."
"ရေခဲသေတ္တာထဲမှာ အန်တီ ပို့ထားတဲ့ ဟင်းတွေတွေ့တယ်.....bae က ဘာကိုမှ မမှတ်မိဘူးဆိုပေမယ့်....ကိုကို့ တော့ bae ကိုယ်တိုင်ချက်ကျွေးချင်တာ...."
"ပင်ပင်ပန်းပန်းတွေလုပ်ရင် bae နေမကောင်းဖြစ်လိမ့်မယ်လေ....."
"ကိုကို က ငြိုငြင်တာလား....!"
"မငြိုငြင်ရဲပါဘူး ဗျာ.....ဒီကိစ္စလေးအတွက်နဲ့ အခုထိမအိပ်ရသေးဘူးလား...."
"ဟုတ်ပါဘူး.....ကိုကို့ ကို စောင့်နေတာလေ...."
"အတတ်ကလေး ကဲ ဘာလိုချင်ပြန်ပြီလဲ..."
"ဟိုဟာလေ သင်တန်းတက်ရင် အပြင်မှာသွားတက်မယ်လေ....နော်....နော်.....နော်လို့....!"
ချစ်ရသူ ရဲ့ စကားကြောင့် ဂျီဟွန်း အတန်ငယ် စဉ်းစားလိုက်ပြီးနောက် ခေါင်းငြိမ့်လိုက်လေသည်။
"ရေး......ဒါမှ bae ကိုကို ကွ.....!!"
"ဒါဆို ကိုယ် စီစဉ်စရာတွေ စီစဉ်လိုက်ဦးမယ်......သင်တန်းကိုတော့ နောက်တစ်ပါတ်မှ သွားပေါ့.....ဟုတ်ပြီလား....."
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...