Zawgyiသူမ တို့ရဲ့ မင်္ဂလာကိစ္စအား လူကြီးတွေကို ပြောပြလိုက်တော့ သူတို့တွေ တော်တော်ပျော်နေကြလေရဲ့.....
နောက်ပြီး မင်္ဂလာဆောင်ကိုလည်း နောက်သုံးလနေရင် ကျင်းပပေးမယ်တဲ့လေ....ဘယ်လောက်တောင် လောလိုက်ကြသလဲ.....
မင်္ဂလာပွဲကြောင့် ကိုကို နဲ့ အန်တီ တို့ ပျော်နေကြတာကိုကြည့်ပြီး သူမ ရဲ့ မိဘတွေကို သတိရသွားလေသည်။
သူမ ရဲ့ မိဘတွေသာ ရှိမယ်ဆိုရင် သူတို့လည်း သူမ ရဲ့ မင်္ဂလာပွဲအတွက် ပျော်နေကြမယ်မလား....
ကိုကို့ လို လူကောင်းလေးကို သမက်တော်ရတော့မှာမလို့လေ....."ကိုကို bae တို့ မင်္ဂလာဆောင်ပြီးရင် ဟိုကိုပြန်ရအောင်နော်"
သူမ ရဲ့ စကားအဆုံးတွင် ကိုကို့ ရဲ့ ပျော်ရွှင်နေသော မျက်နှာကလေးမှာ ယိုယွင်းသွားသည်ကို သူမ သတိထားမိလိုက်လေသည်။
အမိနိုင်ငံကို ပြန်ဖို့ ပြောဆိုလိုက်ရင် ကိုကို ရဲ့ စိတ်တွေ ဘာကြောင့် ထိုင်းမှိုင်းသွားတတ်သည်ကို သူမ လုံးဝ နားမလည်နိုင်ပေ။
အမိနိုင်ငံပြန်ရောက်ရင် သူမ ရဲ့ မှတ်ဥာဏ်တွေလည်း ပြန်ရနိုင်တာပဲမလား.....
နောက်ပြီး ကိုကို ပြောပြတတ်တဲ့ တစ်ဖက်သတ်ဆန်တဲ့ သူမတို့နှစ်ယောက်ရဲ့ ချစ်ခြင်းတွေကိုလည်း သူမ အစစ်အမှန်လို ခံစားနိုင်ရတော့မှာပဲကို....
"အင်း....ကိုယ် တို့ သွားကြတာပေါ့...."
မမျှော်လင့်စွာထွက်ပေါ်လာသော စကားလုံးတို့ကြောင့် သူမ အလွန်အံ့အားသင့်သွားလေသည်။
"အင်း!!!....အဲရောက်ရင်လေ ဂေဟာကို လည်း သွားကြည့်ချင်သေးတယ်....ပြောရမလား....bae မှတ်ဥာဏ်တွေ ပြန်ရရင်ရနေမှာ.....နောက်ပြီးလေ......ကိုကို နဲ့ bae တွေ့ခဲ့တဲ့ ကျောင်းကိုလည်း သွားကြည့်ချင်တယ်....နောက်ပြီးလေ....."
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...