Zawgyi
ဂျင်းနီ လီဆာ့ နှင့် မျက်နှာချင်းမဆိုင်မိအောင် အသည်းအသန် ရှောင်နေသော်လည်း ကံကြမ္မာက လီဆာ့ ဘက်ကို မျက်နှာသာပေးနေလေသည်။
လီဆာ ရဲ့ မိဘတွေက နယ်ဘက်ကို အလုပ်ကိစ္စတစ်ခုကြောင့် ခရီးထွက်သွားကြသည်မို့ လီဆာ့ အား ဂျင်းနီ တို့အိမ်တွင် အပ်ထားခဲ့ကြလေသည်။
ထို့ကြောင့် ဂျင်းနီ လီဆာ ကို ဘယ်လိုမှ ရှောင်၍မရတော့ချေ။လီဆာ က သူမ ရှေ့တွင် ထိုင်နေသော ဂျင်းနီ ကို တစ်ချိန်လုံးစိုက်ကြည့်နေသော်လည်း ထိုအနှီမလေးကတော့ မျက်ခုံးလေးတွေထိလုမတတ်အောင်ပင် တစ်ခုခုကိုစဉ်းစားနေလေသည်။
ကလေးလေးသဖွယ် နှုတ်ခမ်းလေးတွေကို စူထားကာ ပါးဖောင်းဖောင်းလေးတွေကလည်း အထင်းသားပေါ်နေသည်မို့ အလွန်ပင်ချစ်စရာကောင်းနေလေသည်။
လီဆာ ထိုပါးဖောင်းလေးတွေ ကိုကြည့်ရင်းကြည့်ရင်းဖြင့် ဆွဲ ကာ ဖျစ်ညစ်ပစ်ချင်စိတ်တွေပေါ်လာသည်မို့ သူမ ရဲ့ စိတ်ကလေး ကို မနည်းထိန်းနေရလေသည်။ထို့ကြောင့် သူမ ရဲ့ ထိုစိတ်ကလေးကို လမ်းကြောင်းပြောင်းပေးသည့် အနေဖြင့် ဂျင်းနီ အား စကားစလိုက်လေသည်။"ငါ ဒီည ဒီမှာအိပ်မှာနော်.."
သူမ ထိုကဲ့သို့ပြောလိုက်တော့ ဂျင်းနီ က သူမ အား အံ့သြနေသော မျက်ဝန်းလေးများဖြင့်ကြည့်လာလေသည်။
"နင့် အိမ်က ဘယ်ရောက်သွားလို့လဲ!....မရဘူး!!.....ကိုယ့် အိမ် ကိုပြန်အိပ်!!!"
ဂျင်းနီ လီဆာ့ ကို မအိပ်စေချင်လို့တော့မဟုတ် လီဆာ ရှိနေရင် သူမ ရဲ့ ခံစားချက်တွေ ဖွင့်အံထွက်လာမည်ကို စိုးသဖြင့် အကြောက်အကန်ငြင်းနေခြင်းသာ။
သို့သော် လီဆာ ပြန်ဖြေလိုက်သည့်စကားက သူမ ကို shock အကြီးကြီးရသွားစေသည်။"ငါ...ငါ.....တစ်ယောက်ထဲမနေရဲဘူး....သရဲကြောက်တယ်"
'သရဲကြောက်တယ်´ ဟူသောနေရာအရောက်တွင် လီဆာ ရဲ့ အသံလေးတွေက အနည်းငယ် တိုးဝင်သွားသည်ဆိုပေမယ့် သူမ နဲ့ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဂျင်းနီ တော့ ထိုစကားကို သဲသဲကွဲကွဲကြားနိုင်ပါသေးသည်။
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...