Zawgyi
ချယ်ယောင်း လုပ်နေသော ကိစ္စကြောင့် လီဆာ တစ်ယောက် ရှိရှိသမျှသောဒေါသ တွေကို ချုပ်ထိန်းထားပြီး အကြည့်တစ်ချက်ဖြင့် သတိပေးလိုက်သော်လည်း ချယ်ယောင်း က သူမ အား မထီမဲ့မြင်ပြုကာ ထပ်လုပ်ဆောင်လိုက်သည်မို့ သူမ ရဲ့ ဒေါသတွေချုပ်ထိန်းလို့မရတော့သော အခြေအနေသို့ရောက်ရှိသွားလေတော့သည်။
ထို့ကြောင့် လက်ထဲက တံမြက်စီးကို ချယ်ယောင်း ထိုင်နေသော နေရာသို့ ပစ်ချလိုက်လေသည်။
တိတ်ဆိတ်နေသော ညနေခင်းတွင် 'ဒုန်းခနဲ´ မြည်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသဖြင့် လီဆာ့ ကို ကျောပေးကာ အမှိုက်များ လှဲနေသော ဂျင်းနီ ပင် အနည်းငယ် လန့်ဖျတ်သွားလေသည်။
ထို့နောက် ဂျင်းနီ သူမ နောက်တွင် ဖြစ်ပျက်နေသော အခြေအနေ များကို တစ်ချက်အကဲခတ်လိုက်ပြီးနောက်တွင်တော့ သူမ နှင့် မဆိုင်သလို အရှေ့သို့ပြန်လှည့်သွားကာ လက်ရှိအခြေအနေအား အခွင့်ကောင်းယူသည့်အနေဖြင့် လီဆာ ဘက်သို့ ရှိရှိသမျှသော အမှိုက်တွေကို ပျော်ရွှင်စွာ လှဲချလိုက်နေလေတော့သည်။
ထိုကဲ့သို့ သူမ ဘက်သို့ အမှိုက်တွေ လှဲချနေသော ဂျင်းနီ အား လီဆာ တစ်ယောက် အာရုံမစိုက်နိုင်သေးဘဲ သူမ ပစ်ချလိုက်သော တံမြက်စီး ကို ခြေထောက်ဖြင့် ကန်နေသော ချယ်ယောင်းနားသို့သာ ခပ်မြန်မြန်လျှောက်သွားလိုက်ပြီးနောက် ချယ်ယောင်း ရဲ့အင်္ကျီနားစ ကို ဆွဲလိုက်လေတော့သည်။
"နင် ဘာဖြစ်ချင်နေတာလဲ!"
သူမ ရဲ့ အမေး ကို ချယ်ယောင်း က ပြန်မဖြေသည့်ပြင်ဘာမှနားမလည်သော ယုန်သူငယ်လေးသဖွယ် လုပ်နေကာ သူမ ကို လည်း ကြောင်ကာကြည့်နေလေသည်။
ဇွတ် အပြစ်ကင်းစင်ပြနေသော ပတ်ချယ်ယောင်း ကြောင့်
လီဆာ တောက်တစ်ချက် ခေါက်လိုက်ပြီးနောက် ချယ်ယောင်း ရဲ့ အင်္ကျီစ နားရှိ သူမ ရဲ့ လက်အစုံကို ဖြေလျော့ပေးလိုက်ကာ နောက်ကြောင်းပြန်လှည့်သွားလေတော့သည်။
သို့သော်လည်း ခြေနှစ်လှမ်း သုံးလှမ်းလောက်အရောက်တွင်တော့ လီဆာ တစ်ယောက် ချယ်ယောင်း ဘက်သို့ ပြန်လှည့်လာကာ မြေပြင်ပေါ်တွင် ရှိနေသော ချယ်ယောင်း ၏ လွယ်အိတ်ကို အလျင်အမြန် ကောက်ယူလိုက်ပြီးနောက် ထိုလွယ်အိတ်အား မှောက်ချပစ်လိုက်လေတော့သည်။ထိုကဲ့သို့ လုပ်ချလိုက်မှုကြောင့် လွယ်အိတ်ထဲရှိ စာအုပ်များသာမက မြောက်များလှစွာသော မုန့်ထုပ်တွေ ချိုချဉ် တွေ က မြေပြင်ပေါ်တွင် ပြန့်ကျဲသွားလေတော့သည်။
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...