Zawgyi
ထိုလူ၏ အော်သံ က သရဲအိမ် အပြင်ဘက်အထိပင် လွှမ်းသွားသည်မို့ ထိုအသံကို ကြားလိုက်ရသော လီဆာ ကတော့ အပြင်တွင် ဖင်တကြွကြွဖြင့် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေလေသည်။
အထဲတွင်တော့ ဂျင်းနီ ထိုကောင်လေးအား မနည်းရှင်းပြလိုက်ရလေသည်။
ဒါတောင်မှ တကောင့်သားလေးက မျက်ရည်တွေရွှဲကာ ငိုပါချနေသည်မို့ ဂျင်းနီ သားချော့တေး တောင် ဆိုပြရမလိုဖြစ်ခဲ့သေးသည်။လက်ပြဿနာ ဖြေရှင်းခန်းကြီးပြီးဆုံးသွားပြီးနောက်တွင် ထိုအသည်းငယ်တတ်သောလူတစ်စု က ဂျင်းနီ အား ဒိုင်းကာသဖွယ် အကာအကွယ်ယူလိုက်ပြီး ဂျင်းနီ သွားသမျှနောက်က တကောက်ကောက်လိုက်နေလေတော့သည်။
ဤသို့ဖြင့် ဆယ့်ငါးမိနစ်လောက် ကြာတော့ သူမ တို့ အကုန်လုံး ရှောရှောရှူရှူ အောင်အောင်မြင်မြင်
ဖြင့် အပြင်သို့ရောက်ရှိသွားလေကြတော့သည်။သူမ တို့အဖွဲ့ အပြင်သို့ ရောက်သွားတော့ ထိုလူတွေက သူမ ကို ကျေးဇူးတင်စကားဆိုလာကြလေသည်။"ဂျင်းနီကင် ကျေးဇူးပါဗျ ကျွန်တော် တို့ ဘာသာ ဆို အခုထိထွက်နိုင်ဦးမှာမဟုတ်ဘူး...."
ထိုကောင်လေးရဲ့ စကားကို T-shirt အ၀ါ ကလေးဝတ်ထားသော လူ က မကျေမနပ်ဖြင့် ဖြတ်ကာပြောလာလေသည်။
"အဲတာ မင်း ကြောင့်လေ ဘယ်နှယ့်ကွာ တစ်နာရီလုံးလုံး ထွက်လမ်းတောင် ရှာမတွေ့ ရတယ်လို့!"
"အဲထဲဝင်ဖို့ ဘယ်သူအရင်စပြောတာလဲပြော....!!!"
ဂျင်းနီ သူမ ရှေ့ က လူတစ်စု က ရန်ပွဲအသေးစားလေးတစ်ခု ကို စတင်တော့ မှာ ဖြစ်သော်လည်း ထိုပြဿနာအား ဘာမှဝင်ပါခြင်း မပြုဘဲ ပြုံးပြုံးကလေးဖြင့် လက်ပိုက်ကာကြည့်နေတော့လေသည်။ဘေးက ချယ်ယောင်း ကလည်း သူမ နှင့် အလိုတူအလိုပါပင်။ဝင်မတားသည့် အပြင် သူမ ရဲ့ အနားနား ကပ်ကာ အားပေးအားမြှောက်ပါ လာလုပ် သွားသေးသည်။
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...