Zawgyi
အထက်တန်းတတိယနှစ် ကျောင်းသူတွေ အကုန် လူစုံသည်နှင့် သူမ တို့ရဲ့ ခရီးသွားကားကြီး က စတင်ထွက်ခွာလေတော့သည်။
ဂျင်းနီ ချယ်ယောင်း နဲ့ ဂျီဆူ တို့ သုံးယောက် က နောက်ဆုံးရှိ သုံးယောက်ခုံ တွင် ထိုင်လိုက်ကြလေသည်။
လီဆာ ကတော့ သူမ တို့နှင့် မလှမ်းမကမ်းတွင်ရှိသော ခုံလေးက ပြတင်းပေါက်နားတွင် ထိုင်နေပြီး သူမ ဘေးခုံတွင်တော့ ဆူဂျင်း က ထိုင်နေလေသည်။ဂျင်းနီ လမ်းခရီးတစ်လျှောက်တွင်ရှိသော ရှုခင်းတွေကို ငေးကြည့်နေရင်း နားကြပ်တပ်ကာ သီချင်းနားထောင်နေလေသည်။
ချယ်ယောင်း ကတော့ ကားပေါ်တွင် ပြသနေသည့် သရဲကား ကို ကြည့်နေပြီး ဂျီဆူ့ ကို ဒုက္ခပေးနေလေသည်။တစ်ချက် တစ်ချက် ထ,ထ အော်တတ်သော ချယ်ယောင်း ရဲ့ အသံက နားကြပ်တပ်ပြီးသီချင်းနားထောင်နေသော ဂျင်းနီ ကို ပင် လန့်လန့် သွားအောင် စွမ်းဆောင်နိုင်လေသည်။
သူမ တို့ ခရီးအဆုံးကို ရောက်တော့ တီချယ် တွေက ငါးယောက်တစ်ခန်း နေရမည်ဆိုသဖြင့် သူမ မတွေ့ချင် မမြင်ချင်ပေမယ့်လည်း လီဆာ တို့ ဆူဂျင်း တို့နှင့် အတူ ယခု ခရီးစဉ်တစ်လျှောက် သုံးရက်လုံး အတူ နေရပေဦးမည်။
...........
သူမ တို့ အထုတ်အပိုးတွေ နေရာချပြီးသည်နှင့် ထမင်းစားသောက်ကြရန် အတွက် အပြင်ကို ထွက်လာခဲ့လိုက်လေသည်။
ဘူးဖေး စနစ်ဖြင့် စားသောက်စရာတွေ ကို တည်ခင်းပေးထားသည်မို့ ဂျင်းနီ အသီးအရွက်အနည်းငယ် နှင့် ရေညှိဟင်းချို တစ်ခွက် ယူလိုက်ပြီးနောက် ချယ်ယောင်း တို့ ထိုင်နေသော နေရာသို့ သွားလိုက်လေသည်။ပန်းကန်နှင့် မလိုက်အောင် အပြည့်အမောက်ထည့်ထားသော ချယ်ယောင်း ရဲ့ ထမင်းပန်ကန် ကိုကြည့်ရင်း
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...