Zawgyi
သူမ.........သူမ ဆိုတဲ့ နာမ်စားလေးက လီဆာ့ ရဲ့ ဘ၀ ထဲကို ဘယ်အချိန်မှာဘယ်လိုဝင်လာခဲ့လဲဆိုတာ မသိပေမယ့် လီဆာ သတိထားမိတဲ့အချိန်မှာ ပဲ ဂျင်းနီ ရဲ့ ပုံလေးတွေက လီဆာ့ ရဲ့ ပုံဆွဲစာအုပ်ကလေးတွေထဲမှာ အပြည့်ဖြစ်လို့နေလေသည်။
ကျောင်းရဲ့ ပြတင်းပေါက်ကို ငေးကြည့်နေတဲ့ ပုံလေးတွေ.....သူမ နဲ့ ရန်ဖြစ်တဲ့အခါ ဖြစ်သွားတတ်တဲ့ ဂျင်းနီ ရဲ့ မျက်နှာ အမူအရာလေးတွေ.......သူမ ရဲ့ အိပ်ခန်းကနေ တစ်ဆင့် ဖြတ်မြင်နေရတဲ့ ဂျင်းနီ ရဲ့ လွတ်လွတ်လပ်လပ်ရယ်နေပုံလေးတွေ စသည်ဖြင့် ဂျင်းနီ ရဲ့ လှုပ်ရှားမှုမျိုးစုံတွေကို ရေးဆွဲနေရတာက သူမ ရဲ့ ကိုယ်ပိုင်ဘ၀ လေးလိုဖြစ်လို့ လာနေလေသည်။
ထိုခံစားချက်တွေကို ဒီတိုင်း သာမာန်လေးလို့ပဲ ထင်ထားခဲ့ပေမယ့် ဂျင်းနီ နဲ့ ရန်ဖြစ်တဲ့အခါတွေမှာ ဂျင်းနီ ရဲ့ အသံလေးတွေကတောင် သူမ ကို ရင်ခုန်သံမြန်လာစေခဲ့တယ်။
ဒါလည်း သာမာန် တိုက်ဆိုင်တာလို့ တွေးထင်ခဲ့ပေမယ့်.....သူမ ရဲ့ ရင်ခုန်သံတွေကို အမှန်အတိုင်းသိလာစေခဲ့တာက ကျောင်းပြောင်းလာခဲ့တဲ့ ဆူဂျင်း ဆိုသူကပင်။
ဆူဂျင်း က သူမ ထက်ပင် သူမ ရဲ့ ရင်ခုန်သံတွေကို တိကျသေချာစွာသိနေခဲ့လေသည်။နောက်ပြီး သူကျောင်းပြောင်းလာခဲ့ရတဲ့ အကြောင်းက အရင်ကျောင်းမှာ ကောင်လေးနှစ်ယောက်ကို တစ်ခန်းထဲမှာ ပိတ်ထားခဲ့၍ပင်။
အဲကိစ္စက ဒီတိုင်းပြီးသွားသည်မဟုတ် ထိုကောင်လေးနှစ်ယောက် ရဲ့ သက်ဆိုင်တဲ့ ကောင်မလေးနှစ်ယောက်က သူမ ကို လာပြဿနာ ရှာသည်ကို ပြေပြေလည်လည်မပြောဘဲ 'သူတို့ နှစ်ယောက်ကို တွဲစေချင်လို့လေ ဘာဖြစ်လဲ´ ဆိုတဲ့ စကားကိုပြန်ဖြေခဲ့ခြင်းပင်။
သူမ ရဲ့ စကားတွေကပဲ ကျိန်စာတစ်ခုလား ဒါမှမဟုတ် သူမ ကပဲအကြားအမြင်ရနေတာလားမသိ သွမကြာခင်တွင် ထိုကောင်လေး နှစ်ယောက်က တွဲသွားခဲ့လေသည်။
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...