63

254 23 2
                                    

Uni

"တောင်းပန်ပါတယ်"

တိုးညှင်းစွာထွက်ပေါ်လာသော အသံငယ်အောက် မျက်ရည်တို့က မခိုင်စွာ ကျဆင်းလာလေသည်။

"ဒါပေမယ့် တို့ မင်းကိုကျေးဇူးမတင်ချင်ဘူး"

"......"

"ဘာလို့ကယ်ခဲ့တာလဲ"

"........"

"တို့ကို ကယ်ပေးဖို့ တောင်းဆိုခဲ့လို့လား"

"......."

"တို့ သေမှာကို မင်းလိုလားတယ်မလား....ဘာလို့..."

မေးသမျှ စကားလံုးတိုင်းကို ပြန်မဖြေသလို သူမ ကိုလည်း ကြည့်မနေဘဲ ခေါင်းငံု့ထားသော လူတစ်ယောက်ကြောင့် ဂျီဆူ စိတ်မရှည်ဖြစ်လာသည်။

ထို့နောက် လှဲနေရသည်မှာလည်း မသက်မသာဖြစ်နေသည်မို့ အိပ်ရာပေါ်မှ ကုန်းရုန်းထကကည့်လိုက်တော့ သူမ ထင်ထားသည်နှင့် ကွဲလွဲစွာ။

သူမ ရဲ့ ခန္ဓာဟာ သူမ ရဲ့ စိတ်နှင့်ဆန့်ကျင်စွာ။

အဆိပ်ဟာ အဲသလောက်စွမ်းပါလား။

အိပ်ရာပေါ်သို့ တစ်ဖန်လဲကျသွားသော ကိုယ်လေးနှင့် အတူ ရောက်ရှိလာသော လက်မောင်းတစ်စံု။

ထိုလက်မောင်းတစ်စံုအား ဖက်တွယ်ရင်း ထိုလက်မောင်းပိုင်ရှင်ကိုလည်း မော့ကြည့်ရင်း။

"မင်း..တို့ကို...."

"ခင်ဗျား အပြစ်ရှိသလိုခံစားရတယ်မလား!"

ပြောနေကျအသံနှင့်မတူညီစွာ အနည်းငယ်ခက်ထန်နေသလို သူမ ရဲ့ စကားလံုးတို့ကိုလည်း ဖြတ်ပြောလာသော ထိုလူကြောင့် သူမ တကယ် ထိတ်လန့်အံ့သြရပါသည်။

"အဲလိုခံစားရတယ်ဆို ဒီအတိုင်းပဲနေ....ကျွန်တော် ခင်ဗျားကို သေခွင့်မပေးနိုင်ဘူး....မဟုတ်ဘူး မသေရဘူး.....ဘယ်လိုတောင် ကုထားရတာမလို့လဲ....ခင်ဗျားသေရင် ကျုပ်....မဟုတ်ဘူး.....ပတ်ချယ်ယောင်းသေရမယ်....."

"ဟင်....သူ.....?....သူ....အဆင်ပြေနေတယ်မလား"

"ဟက်....အရင်အတိုင်းပဲ....အရင်အတိုင်းပါပဲ....အဲမိန်းမကပဲ ခင်ဗျားရဲ့ ဦးစားပေးမလား....ကျုပ်ဘာတေွလုပ်ပေးခဲ့ လုပ်ပေးခဲ့....အဲမိန်းမကပဲ....တောက်စ်...ကွာ...!!"

SHE (completed)Where stories live. Discover now