Zawgyi
ဂျင်းနီ တံခါး ကို ဖွင့်ရန် ကြိုးစားသော်လည်း အချည်းအနှီးသာဖြစ်နေလေသည်။
ထို့နောက် ချယ်ယောင်း တို့က သူမ ကို စက်ဘီး stand တွင် မတွေ့ပါက လာရှာလိမ့်မည် ဟုသာ တွေးထားလိုက်ပြီး ပါလာသော လွယ်အိတ်ကို ခေါင်းခုလိုက်ကာ သက်တောင့်သက်သာ လှဲနေရင်း ကောင်းကင်ကြီး ကိုကြည့်နေလိုက်လေသည်။ခေါင်မိုးထပ် ဖြစ်သည်မို့ ကောင်းကင်ကြီး ရဲ့ အလှကို အတိုင်းသားမြင်နေရပြီး သူမ နှင့် ကောင်းကင်ကြီး ကြားတွင်လည်း မည်သည့် အနှောက်အယှက်မှ ရှိမနေပေ။
ဂျင်းနီ ကောင်းကင်ထက်မှ တိမ်စိုင်လေးတွေကို ကြည့်ကာ ပုံဖော်ရင်း အတွေးတွေထဲ လွင့်မျော နေစဉ် ခြေသံအမြောက်အမြားကို ကြားလိုက်ရသဖြင့် သူမ နားစွင့်လိုက်လေသည်။
ထိုခြေသံတွေက ခေါင်မိုးထပ် သို့တက်လာနေသည့် အသံတွေဖြစ်ပြီး လူအင်အားက ငါးယောက်ခန့်ကျော်မည် ဟု ခန့်မှန်းရသဖြင့် ဂျင်းနီ အသင့်အနေအထား ယူလိုက်လေသည်။သူမ ထင်သည့်အတိုင်းပင်......ဖွင့်အံ လာသော တံခါးနှင့်အတူ ကျောင်းသား ငါးယောက် ခန့်က သူမ ရှေ့တွင် ရပ်နေကြလေသည်။သူမ တို့ကျောင်းက မိန်းကလေး ကျောင်းဖြစ်ပြီး ယောကျာင်္းလေး ဆိုလို့ ဆရာ တစ်ယောက်နှစ်ယောက်သာ ရှိသော်လည်း ယခု သူမ ရှေ့ က သူတွေကတော့ သူမ သိသော သူ,တစ်ယောက်မှမပါချေ။
ထိုယောကျာင်္းလေးတွေက သူမ တို့ရဲ့ ကျောင်းဝန်းထဲတောင် မဟုတ်ဘဲ ခေါင်မိုးထပ် ပေါ်အထိတောင် ရောက်လာပုံထောက်ရင် ဒါက သာမာန်ကိစ္စဖြစ်နိုင်ပုံမရပေ။
ထိုစဉ် သူတို့ထဲမှ ခေါင်းဆောင်ဖြစ်ပုံရသော နီကြောင်ကြောင် ဆံပင်နဲ့လူတစ်ယောက်က သူမ ကို ရမက်ဆန်သော မျက်လုံးများဖြင့်ကြည့်လာလေသည်။"အာ...ဒီလောက်လှတာ မှတ်လောက်သားလောက်အောင် ဆုံးမပေးရမယ်ဆိုတော့ကွာ...နှမြောစရာကြီး..."
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...