Zawgyi
ဂျင်းနီ အိပ်နေရာကနိုးလာတော့ ကိုယ်လက်အညောင်းဆန့်ကာ ပြတင်းပေါက်ရှိရာသို့ ကြည့်လိုက်တော့ မြင်လိုက်ရသည့် မြင်ကွင်းက သူမ ကို သွေးပျက်သွားစေလေသည်။
ဂျင်းနီ လည်း လန့်သွားသဖြင့် အဆမတန် ခုန်နေသော ရင်ဘတ်ကလေးကို လက်နဲ့ဖိကာ သူမ အား ပန်ဒါမျက်လုံးများဖြင့် မှင်သေသေကြီး စိုက်ကြည့်နေသော ချယ်ယောင်း အား စကားစလိုက်လေသည်။
"နင် တစ်ညလုံးမအိပ်ဘူးလား??"
သူမ စကားကို ချယ်ယောင်း က ထောက်ခံသည့် သဘောဖြင့် ခေါင်းငြိမ့်ပြလေသည်။
"ဘာလို့လဲ အိပ်ရာ စိမ်းနေလို့လား??"
ဒီတစ်ခါတွင်တော့ ချယ်ယောင်း က ခေါင်းခါပြကာ သူမ ကို စကားပြန်ပြောလေတော့သည်။
"ငါ စဉ်းစားနေတာ"
".........."
"ညက ကိစ္စလေ........နင့် သူငယ်ချင်း ဆိုတာ...."
"အော်....အင်း"
"အဲတာ က ဘယ်လိုပြောရမလဲဆိုတော့......."
ချယ်ယောင်း ရဲ့ ညလုံးပေါက်စဉ်းစားထားသော အဖြေကြီးအား ဂျင်းနီ မျှော်လင့်တကြီး စောင့်နေလိုက်လေသည်။
"ငါလည်း မသိဘူး....!"
မျှော်လင့်ချက်တို့ကို ရိုက်ချိုးခံရသွားသဖြင့် ကုတင်ပေါ်မှ ဆင်းကာ မျက်နှာသွားသစ်ရန်ပဲ ဆုံးဖြတ်လိုက်တော့သည်။
"ဟုတ်တယ်လေ ငါ က သူ မှ,မဟုတ်တာ ဘယ်လိုလုပ်သိပါ့မလဲ....နင့် သူငယ်ချင်း ဆိုတဲ့ သူ က လည်း သူ သိချင်ရင် သူ့ဘာသာ သူ သွားမေးပါ့လား အလကားနေရင်း ငါ့ ကို ခေါင်းကိုက်အောင်လာလုပ်နေတယ်!"
'ငါ မေးမလို့ကို နင် လာရှုပ်သွားတာလေ´
ဂျင်းနီ တိုးတိုးလေး ရေရွတ်လိုက်တော့ ချယ်ယောင်း က 'ဟမ်´ ဟု ပြန်မေးလာသဖြင့်.....
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...