Zawgyi
"နီနီ ရေ....နီနီ လို့.....နီနီ.....!!!"
သူမ မထူးမချင်းခေါ်နေမည့် သူမ ရဲ့ ကုတင်ပေါ်တွင် အခန့်သားထိုင်နေသော ချယ်ယောင်း ကြောင့် ဂျင်းနီ မျက်မှောင်ကျုံ့ မိသွားလေသည်။
ထို့နောက် ရေချိုးခေါင်းလျှော်ထားသည်မို့ မှန်တင်ခုံတွင်ထိုင်ကာ ဆံပင်တွေသုတ်နေရင်း ချယ်ယောင်း ထံသို့ အကြည့်ပို့လိုက်လေသည်။"ပြော!"
သူမ စကားပြန်ပြောလိုက်သည်မို့ ချယ်ယောင်း မှာ လိုချင်
သည်ကိုရသွားသည့် ကလေးတစ်ယောက်နှယ် ပျော်ရွှင်သွားလေသည်။"ဟိုလေ အိမ်ထဲမှာနေရတာမပျင်းဘူးလားလို့"
ဟုတ်သည်လေ စာမေးပွဲတွေဖြေပြီးကတည်းက ဂျီဆူ့ အိမ် နဲ့ ဂျင်းနီ အိမ် ကလွဲပြီး ဘယ်မှလည်း မထွက်ရတော့ လူလည်း တော်တော် နုံးလာနေပြီ.....ဂျင်းနီ တို့က ဘယ်လောက်ပဲ အိမ်ထဲအောင်းနေနိုင်သည် ဆိုပေမယ့် သူမ ကတော့ ထိုကဲ့သို့မဟုတ်ပေ။
ဘယ်လောက်ပဲ အိမ်ထဲအောင်းချင်နေတယ်ပြောပြော ကျန်းမာရေးအတွက် လေကောင်းလေသန့်လေး ဘာလေးတော့ ရှုပေးရမယ် မဟုတ်လား.....ပြောရမယ်ဆို လေ ကောင်းလေသန့်လေးလည်း ရှုရင်း အသစ်ဖွင့်ထားတဲ့ ပီဇာ ဆိုင်လေးလည်း သွားရင်းပေါ့ ဟိ။"မပျင်းပါဘူး"
ဂျင်းနီ ရဲ့ အဖြေက သူမ ရဲ့ စိတ်ကူးပုံရိပ်လေးကို တစ်စစီဖျက်ဆီးသွားလေတော့သည်။
"နင် မပျင်းပေမယ့် ငါ ပျင်းတယ်ဟဲ့....လာပါ နင်ကလည်း အပြင်လေးခဏလောက်ထွက်ရအောင်ပါ နော်! နော်!!"
ဂျင်းနီ အပြင်ထွက်ချင်၍ သူမ ကို ရမည်ရှာနေသော ချယ်ယောင်း ကို အနည်းငယ်စချင်သွားလေသည်။
"အင်း.....ဂျီဆူ့ ကို သွားပြောလေ သူ သွားမယ်ဆိုရင် ငါလည်း လိုက်မယ်"
ဂျီဆူ့ နာမည် ကို ကြားလိုက်ရတော့ ချယ်ယောင်း မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားကာ...
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...