Zawgyi
"အန်နာ လား မသိဘူး....??"
"အာ....ဟုတ်ကဲ့..."
အပြင်သင်တန်းဆိုသော်လည်း ဆရာနှင့် နှစ်ယောက်ထဲ သီးသန့်သင်ရမည်မို့ သူမ တော်တော်လေး စိတ်လှုပ်ရှားနေမိသည်။
"အဲဆို ညာဘက်အစွန်းက အခန်းထဲကို ၀င်သွားပေးပါနော်....နောက်ဆယ်မိနစ်နေရင် ဆရာ လာလိမ့်မယ်..."
"သြော်....ဟုတ်ကဲ့...."
ဒီစင်တာ ရဲ့ တာဝန်ရှိသူ၏ ပြောစကားကြောင့် သူမ ထိုနေရာသို့ ၀င်ခဲ့လိုက်လေသည်။
ဆရာ နှင့် နှစ်ယောက်ထဲ သင်ဖို့ရာ အတော်လေး ကျယ်ဝန်းလွန်းပြီး ပစ္စည်းတွေကလည်း အတော်ပင် စုံလင်လေသည်။
ဒီစင်တာ က ဖွင့်တာ သိပ်မကြာသေးသော်လည်း လူအများကြားတွင် တော်တော်လေး ရေပန်းစားလေသည်။
သင်တန်းမျိုးစုံကို ဖွင့်လှစ်ထားပြီး သူမ သင်ရမည့် သင်တန်းကတော့ စင်တာရဲ့ ဒုတိယထပ်တွင်ဖြစ်လေသည်။
ပထမ ထပ်တွင်တော့ ကိုယ်ခံပညာသင်တန်း......
ကိုယ်ခံပညာ ဆိုမှ သူမ တစ်ခုခုကို ရင်းနှီးသွားသလိုပင်......ထိုသင်တန်းရှေ့မှ ဖြတ်လျှောက်ခဲ့တုန်းကလည်း ရင်းနှီးတဲ့ အငွေ့အသက်တစ်ချို့ရခဲ့လေသည်။
သဘောကျသလိုလို ရင်တုန်နေသလိုလိုကြီး......
ဒါပေမယ့် ဒါက စိတ်လှုပ်ရှားမှု သက်သက်ပဲဖြစ်မှာပါ.....
ဟုတ်တယ် ဒါက သင်တန်း ပထမ ဆုံးရက်မို့ စိတ်လှုပ်ရှားတာ....
...........
အချိန်တော်တော်ကြာသည်အထိ ဆရာ ရောက်မလာသေးချေ။
နာရီကိုကြည့်လိုက်သော်လည်း စ,သင်ရမည့် အချိန်ထက် နာရီဝက်တောင်နောက်ကျနေပြီမို့ သူမ လည်း စောင့်ရသည်မှာ ပျင်းရိလာလေသည်။
ထို့ကြောင့် သူမ ရှေ့ရှိ မုန်ညှင်းထုပ်တွေကို ရေဆေးသန့်စင်လိုက်ကာ တစ်ရွက်ချင်းခွာလိုက်လေသည်။
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...