Zawgyi
ဂျင်းနီ ထိုမြင်ကွင်းကြောင့် အမြင်တွေေ၀၀ါးလာသလိုပင်ဖြစ်လာကာ ဘယ်ဘက်ရင်အုံကလည်း တဆစ်ဆစ် နာကျင်လာလေသည်။
သူမ ရဲ့ ရှေ့က လူသားနှစ်ဦးကတော့ သူမရဲ့ဖြစ်တည်မှုလေးကို ဂရုပြုမိပုံမရပဲ တစ်ယောက် နှင့် တစ်ယောက် အပြုံးလေးတွေဖြင့် ဆက်သွယ်နေကြကာ သူမ ရဲ့ မြင်ကွင်းကနေ တဖြည်းဖြည်းပျောက်ကွယ်သွားကြလေသည်။ဂျင်းနီ နာကျင်နေသော သူမရဲ့နှလုံးသားလေးကို ညာဘက်လက်ကလေးဖြင့် အသာအယာဖိလိုက်ပြီးနောက် သူမ ကို သူမ အားတင်းကာ စက်ဘီး stand ရှိရာသို့ သွားလိုက်လေသည်။
ပတ်ဝန်းကျင်နှင့်အဆက်အသွယ်ပြတ်နေပြီး သူမ လျှောက်လှမ်းနေသည့် လမ်းလေးကိုသာ ငုံ့ကြည့်ကာ လျှောက်နေသော်လည်း သူမ ရဲ့ နားထဲတွင် တစ်ချိန်က ရင်းနှီးခဲ့ဖူးသော ရယ်သံလွင်လွင်ကလေးပျံ့နှံ့လာသည်မို့ သူမ ရဲ့ မျက်ဝန်းလေးတွေကို လျှောက်လမ်းလေးမှ ခွာကာ သူမ ရဲ့ ပတ်ဝန်းကျင်သို့ ပြောင်းလဲကြည့်ရှုလိုက်လေသည်။ထိုအခြင်းအရာက သူမ ရဲ့ နှလုံးသားလေးတစ်ခုလုံး ကြေမွသွားမည့် အရာမှန်း သာ ကြိုသိခဲ့မယ် ဆိုရင် သူမ ထိုအခြင်းအရာကို ယောင်လို့တောင် ကြည့်ဖြစ်ခဲ့မယ် မဟုတ်ချေ။
တစ်ချိန်က သူမ ပိုင်ဆိုင်ဖူးခဲ့သည့်နေရာလေး.....နောက်ထပ် တစ်ကြိမ်လောက်ကလေးပဲဖြစ်ဖြစ် သူမ ထပ်ပိုင်ဆိုင်ချင်သေးပေမယ့်လည်း ဒါက သူမ အတွက်တော့ နောက်ထပ်တစ်ကြိမ်တစ်ခါလေးတောင် စိတ်ကူးယဉ်ခွင့်မရနိုင်တော့မယ့် နေရာတစ်ခုဖြစ်သွားခဲ့ပြီလား?
ဟိုးအရင်အချိန်တွေတုန်းက သူမ နဲ့ သက်ဆိုင်တဲ့အရာတစ်ခု ဖြစ်ခဲ့တယ်ဆိုပေမယ့်လည်း ပိုင်ရှင် ကိုယ်တိုင်က လိုလိုလားလား နဲ့ နေထိုင်ခွင့်ပေးခဲ့တဲ့ နေရာလေးတစ်ခုမှ မဟုတ်ခဲ့ဘဲ မလား??
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...