Zawgyi
ဂျင်းနီ ဆေးရုံတက်နေစဉ် သုံးရက်လုံး ဟိုအုပ်စု က လာလာသောင်းကျန်းနေကာ ကျောင်းကိုလည်း သူမ ကို cover ယူပြီး မသွားကြချေ။
လီဆာ ကတော့ သူမ နဲ့ ဂျီအာ ကို တူတူတွဲတွေ့လိုက်တဲ့ နေ့ကတည်းက သူမ ထံကို ပေါ်ကို မလာတော့။
ယခုလည်း ဂျင်းနီ ဆေးရုံက ဆင်းတော့မှာမို့ သူမ တီလေး ကို သွားနှုတ်ဆက်နေလေသည်။
"တီလေး နီနီ ဆင်းတော့မယ်"
"အေးအေး နောက်ဆို အသွားအလာ အစားအသောက်ဆင်ခြင်ဦး.....ငါ နောက်တစ်ခါ ခေါင်းမကိုက်ချင်ဘူး ကြားလား..."
"ဟုတ်"
ဂျင်းနီ တီလေး ဖြစ်သူ ရဲ့ စိတ်အခြေအနေကို နည်းနည်း ရိပ်မိသည်မို့ တီလေး နားက အသာအယာလေး လစ်ထွက်ခဲ့လိုက်လေသည်။
ထို့နောက် သူမ ရဲ့ အခန်းထဲကို ပြန်သွားကာ သူမ ရဲ့ ပစ္စည်းအနည်းငယ်ကို ထုပ်ပိုးနေလိုက်တော့သည်။သူမ ပစ္စည်းများကို ထုပ်ပိုး၍ ပြီးစီးသွားသော်လည်း အိမ်ပြန်ရန်အတွက် taxi သွားငှါးနေသော ချယ်ယောင်း မှာ taxi ဖြစ်သွားဟန်တူသည်။
အခုထိပေါ်ကိုမလာသေးသဖြင့် ဂျင်းနီ ချယ်ယောင်း ထံသို့ ဖုန်းလှမ်းဆက်လိုက်လေတော့သည်။"ဟဲလို...."
"အေး ချယ်ယောင်း နင်....taxi များ ဖြစ်နေပြီလားလို့..!!!"
ထိုစဉ် ချယ်ယောင်း သူမ ကို ပြောလိုက်တဲ့စကားက သူမ ရဲ့ စိတ်ဓာတ်တွေကို ဟိုးအောက်ဆုံးထိရောက်အောင် ဆွဲချသွားလေတော့သည်။
"ဒါက ဘယ်လိုဖြစ်ကြတာလဲ!!"
အရေးပေါ်ဆောင် တွင် ရောက်နေကြသော ဟိုငါးယောက်အုပ်စု ကို ဂျင်းနီ စိတ်ပျက်လက်ပျက် ကြည့်ကာမေးလိုက်လေသည်။
"၀မ်းပျက်သွားတာလို့ ဆရာဝန်က ပြောသွားတာပဲ.."
ထိုလူငယ်အုပ်စု မှာ စကားပင် ပြန်မပြောနိုင်သောကြောင့် ချယ်ယောင်း က သူတို့ ကိုယ်စားပြန်ဖြေပေးလေတော့သည်။
YOU ARE READING
SHE (completed)
Fanfictionအချစ်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်ကတည်းက သူမ ဆိုတဲ့ နာမ်စားကလေးတစ်ခုက ကိုယ့် ဘ၀ ထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်...... ထိုအရာကို အချစ်မှန်း ကိုယ်သိသွားတော့ သူမ ကို ပြောပြချင်လိုက်တာ......ဒါပေမယ့် သူမ ကရော ကိုယ့်မုန်းသွားေ...