Edit - အတော်ကြာမှပြန်တင်တဲ့Ficပါ။ ဇာတ်ကောင်ကာရိုက်တာရော plotရောပြန်ပြင်ထားသလို စာလေးတွေလဲအနည်းငယ်ပြန်ပြင်ထားတာမို့ Library ထဲကထုတ်ပြီးပြန်ဖတ်စေချင်ပါတယ်ရှင်။ဇာတ်အိမ်နဲ့ဇာတ်ကောင်နာမည်တွေတူနေတာမျိုးရှိရင် အားမနာတမ်းလာပြောလို့ရပါတယ်။--------
"စိန်ခြယ်"ရပ်ကွက်မှာ သာမာန်လူတန်းစားအများစုနေထိုင်ကြသောရပ်ကွက်တစ်ခုဖြစ်သည်။ညအချိန်ကား ၉နာရီထိုးတော့မည်ဖြစ်တာမို့လူခြေတိတ်ဆိတ်ကာ ခွေးအူသံများကတစ်စတစ်စ။
"ဟေ့ ငစိုင်း ဒီညနောက်ကျပါလားကွ"
အိမ်ရှေ့တံခါးဖွင့်မည်အပြု သူ့အားလှမ်းခေါ်သည့်ခေါင်းရင်းအိမ်ကအသိ။
"ဟုတ်တယ်ဗျ"
"ငါနဲ့လက်ဖက်ရည်ဆိုင်လိုက်ဦးမလား ဒီညဘောပွဲရှိတယ်"
"မလိုက်တော့ပါဘူးဗျာ ကျုပ်ဒီနေ့ပင်ပန်းလာလို့နားတော့မယ်"
"အေးအေး ဒါဆိုငါသွားပြီငစိုင်းရေ"
ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီးယိုယွင်းနေသော
သစ်သားတံခါးကိုအသာဖွင့်ကာဆိုင်ကယ်ဘေးတွဲကိုအိမ်ထဲသို့သွင်းလိုက်သည်။ရေတစ်ခွက်ဝဝသောက်လိုက်၍ ချွေးနံ့တွေဖြင့် ငြီးစေ့စေ့ဖြစ်နေသောခန္ဓာကိုယ်ကိုရေချိုးသန့်စင်လိုက်ပြီးနောက် အိမ်ရှေ့ဘုရားခန်းဘေးရှိ မြေအိုးစုဘူးလေးတွေကိုယူကာထိုင်လိုက်သည်။စိုင်းဉာဏ်တစ်ယောက်ဒီနေ့တစ်နေကုန်အလုပ်လုပ်လို့ရထားသမျှပိုက်ဆံတွေကိုထိုင်တွက်နေကာ ဘေးဘက်မှာလဲမြေအိုး စုဗူးတွေကအသီသီ။အကြွေတွေထဲမှာမှ တစ်သောင်းတန်ဆိုလို့ဒီနေ့မှရှားရှားပါးပါးတစ်ရွက်ပါလာတာမို့ အပြုံးတွေကမျက်နှာပေါ်မှာအထင်းသား။
"ဒီနေ့တော့မဆိုးဘူးဘဲ"
စိုင်းဉာဏ်ဆိုသည့်သူက တစ်ကိုယ်တော်တစ်ကောင်ကြွက်ဖြစ်သည့်အပြင် ရွာမှာဆွေမျိုးဆိုလို့သူ့ဦးလေးတစ်ယောက်သာရှိသည်။ထိုဦးလေးမှာလဲအရက်ကြောင့်ဆုံးပါးသွားပြီဖြစ်လို့ စိုင်းဉာဏ်မြို့ပေါ်တတ်လာကာ ရရာအလုပ်ကိုကြုံသလိုဝင်လုပ်နေခြင်းပင်။ရွာမှာနေတော့လဲ လယ်ထဲဆင်းလိုက်၊စပါးစိုက်လိုက်နဲ့ အခြေအနေကထူးလာမှာမဟုတ်။
YOU ARE READING
နွေးထွေးသောချစ်ခြင်းများဖြင့်. . . .
Romance[Own Creation] Slow romance /BL A love story between two boys.