- 23 - [U]

3.4K 285 27
                                    


​ငြိမ်သက်စွာမောင်းနှင်နေတဲ့ကားပေါ်၌ ဒေါ်သိမ်မွေ့ယဥ်၏မျက်လုံးတွေက အဝေးတစ်နေရာထဲမှာရှိနေသလိုအတွေးတွေအများကြီးဖြင့်သာ။လူငယ်သဘာဝ ဦးဘုန်းရောင်ဝါနှင့်ငယ်ချစ်တွေဖြစ်ခဲ့ဖူးသော်ငြား ဖူးစာမဆုံ၍လွဲခဲ့ကြသည်။အချိန်တွေကြာတော့သိလိုက်ရတာက ဦးဘုန်းရောင်ဝါကလက်ထပ်လိုက်ပြီဖြစ်သလို အမျိုးသမီးကလဲဆုံးပါးသွားပြီး သားသမီးနှစ်ယောက်ကျန်ခဲ့သည်တဲ့။

ထိုအချိန်အကိုကသူ့ကိုလက်ထပ်ဖို့ခွင့်တောင်းခဲ့သည်။အချစ်ဦးကိုမြေးဦးရသည်တောင်မမေ့ဘူးဆိုတဲ့စကားအတိုင်း အိမ်ထောင်မရှိသည့်သူမက အကို့တောင်းဆိုချက်ကိုလက်ခံခဲ့၏။တစ်ခါတစ်ရံကမောက်ကဆဖြစ်တာကလွဲရင် အကိုကသူမ.အပေါ်အကုန်ကောင်းသည်။ အကို့ကလေးနှစ်ယောက်က စစချင်းသူမအပေါ်ကိုအမြင်မကြည်ကြသလို မုန်းလဲမုန်းကြ၏။ကလေးနှစ်ယောက်ရဲ့ တစ်မျိုးစီဆိုးသမျှကိုသူမ.သည်းခံခဲ့သည်။ရောင်ဝါလေးကအဲ့လောက်မဟုတ်ပေမယ့် လမင်းကတော့အတော့်ကိုဆိုးသည်။

လိမ္မာပြီးသိတတ်တဲ့ရောင်ဝါ့ကို ဒေါ်သိမ်မွှေ့ယဥ်ကသားအရင်းကဲ့သို့ချစ်သည်။ဂရုစိုက်သည်။အဖေလုပ်သူရဲ့ အချုပ်အနှောင်တွေကနေလွတ်မြောက်သွားတော့ အပြင်မှာဒီကောင်လေးအဆင်ပြေပါ့မလား တွေးပူမိနေတာအကြိမ်ကြိမ်အခါခါပင်။အခုတော့ ရောင်ဝါကပျော်ရွင်တဲ့ဘဝလေးကိုရနေတဲ့ထင်ပါရဲ့။အရင်ကထက်ကိုယ်လုံးလေးကပိုပြည့်လာသလို မျက်နှာမှာစိတ်ညစ်စရာဟူ၍မတွေ့ရ။

"ဆရာကတော် သူဌေးကအိမ်ပြန်ရောက်နေပါပြီ"

အတွေးများနေစဥ်ခိုက်အိမ်ရှေ့ကိုရောက်နေပြီဆိုတာသတိထားမိသွားသည်။တစ်ပြိုင်နက်ထည်းဆိုသလို မျက်လုံးတွေကခြံထဲမှာရပ်ထားတဲ့ အကို့ရဲ့ကားဆီကိုအကြည့်ရောက်မိ၏။ပုံမှန်ဆို ညမိုးချုပ်မှပြန်လာတတ်သူမို့ ရောင်ဝါနဲ့သွားတွေ့မိခြင်းသာ။မဖြစ်ဘူး ရောင်ဝါနဲ့သွားတွေ့တာကို အကိုသိလို့မရဘူး....။

"ဒီနေ့ ရောင်ဝါနဲ့သွားတွေ့တာကို မင်းသူဌေးမသိစေနဲ့နော် shopping ထွက်တယ်လို့ဘဲမေးရင်ဖြေလိုက်ပါ "

နွေးထွေးသောချစ်ခြင်းများဖြင့်. . . .Where stories live. Discover now