- 19 - [ U ]

5.7K 576 32
                                    


ဆွဲလက်စပန်းချီကိုလက်စသတ်ပြီးတဲ့နောက်မှာ အချိန်ကည ၈နာရီထိုးပြီ။ထိုင်ရတာကြာပြီမို့အညောင်းပြေအောင်အကြောခဏဆန့်ကာ အိမ်ရှေ့ကိုထွက်ကြည့်လိုက်သည်။စိုင်းဉာဏ်ကတော့အခုထိပြန်မလာသေး။
ရုတ်တရက်ဟိုဘက်ခြံကိုအကြည့်ရောက်မိတော့ တွေ့လိုက်ရတာကပုဆိုးကိုဆံလွယ်ပုံစံမျိုးလည်ပင်းမှခါးအထိသိုင်းထားသော စိုင်းဉာဏ်။ဒီကောင်အိမ်ကိုအရင်မလာဘဲ ဖိုးထောင်အိမ်မှာဘာလုပ်နေသည်လဲ။

"အကိုရောင်ဝါရေ ဒီမှာငစိုင်းတစ်ယောက်မူးပြီး ကျွန်မယောကျ်ားကိုရိုက်နေတယ်တော် လာခေါ်ပါဦး"

အေးမြရဲ့အသံကျယ်ကျယ်ကတိတ်ဆိတ်နေတဲ့ရပ်ကွက်ထဲဝယ် ခြံကဘေးချင်းကပ်နေတာမို့ရောင်ဝါကြားရဖို့ရာလုံလောက်သည်။စိုင်းဉာဏ်ကမူးပြီးသူ့ယောကျ်ားကိုရိုက်နေသည်တဲ့။ဟုတ်ရောဟုတ်ရဲ့လား ပြောတော့လက်ဖက်ရည်ဆိုင်သွားမယ်လို့ပြောသွားတာကို။

အချိန်ဆွဲမနေတော့ဘဲ ခြံတံခါးကိုအမြန်ဖွင့်ကာဟိုဘက်ခြံထဲကိုသွားလိုက်တော့ စိုင်းဉာဏ်ကဖိုးထောင်ကိုနာရင်းအုပ်နေတာပင်။

"ဟ နာတယ်လို့မအေဘေးရဲ့"

"ငစိုင်းရယ် ငါ့ယောကျ်ားကနင့်ကိုဘာလုပ်လို့နင်ကအခုလိုလုပ်နေရတာလဲ"

"နင့်ယောကျ်ားကိုမေးကြည့် အေ့.. ဟိုကောင်ဖိုးထောင်မင်းနောက်ခါငါ့ကိုလိမ်ပြီးခေါ်ရင်သေဖို့သာပြင်"

အရက်အနည်းနည်းဝင်ထားတာမို့ စိုင်းဉာဏ်ရဲ့အသံကရီဝေဝေ။ဖိုးထောင်နဲ့အေးမြကတော့စိုင်းဉာဏ်အကြောင်းသိတာမို့ဘာမှထပ်မပြောရဲ။ပြီးနောက်စိုင်းဉာဏ်ရဲ့အနောက်က ရောင်ဝါ့ကိုမြင်ပြီးအိမ်ပေါ်သို့တတ်သွားပြီဖြစ်သည်။ထိုအခါမှစိုင်းဉာဏ်သည်အနောက်သို့လှည့်ကာအိမ်သို့ပြန်ဖို့လုပ်စဉ်....

"စိုင်းသာထက်ဉာဏ်!"

"ရောင်...ရောင်ဝါ"

"မင်းအခုချက်ချင်းအိမ်ကိုလိုက်ခဲ့"

"ဟုတ်"

ရောင်ဝါကအရှေ့ကနေအရင်ထွက်သွားပြီမို့
စလွယ်သိုင်းထားသောပုဆိုးကိုသေချာပြင်ဝတ်ကာ ဖိုးထောင်အိမ်ကရေဖြင့်နီမြန်းပြီးမူးဝေနေသောမျက်နှာကိုသစ်လိုက်တဲ့အပြင် အရက်နံ့ဆွဲနေသောပါးစပ်ကိုပါ ပလုတ်နာနာကျင်းလိုက်၏။

နွေးထွေးသောချစ်ခြင်းများဖြင့်. . . .Where stories live. Discover now