- 14 - [ U ]

7.8K 667 32
                                    


သူတို့နှစ်ဦးအခုနေသည့်ရပ်ကွက်မှာ အရင်နေခဲ့တဲ့နေရာနှင့်လှမ်းသည်။ကားစီးရင်လေးနာရီကျော်လောက် ကြာ၏။သို့သော်အရင်နေရာလိုမျိုး လမ်းပေါ်ထွက်တာနဲ့ လူစည်တဲ့ဒေသမျိုးမဟုတ်ပါဘဲ သာယာပြီး တိတ်ဆိတ်ငြိမ်သက်သောရပ်ကွက်တစ်ခုဖြစ်သည်။သာယာမြိုင်ဆိုတဲ့ရပ်ကွက်နာမည်နဲ့လိုက်အောင် တကယ့်ကိုသာယာသည်။

စိုင်းဉာဏ်ပြောပြသလောက်ဒီအိမ်က အရီးရင်စိန်ဆိုတဲ့အဒေါ် အရင်ကနေခဲ့တဲ့အိမ်လေးဟုပြောသည်။သူ့ယောကျ်ားမသေခင်ကဒီမှာဘဲနေခဲ့ပြီး သေသွားမှသူတို့​နေတဲ့ဘက်ကိုရောက်လာသည်တဲ့။

စျေးက အိမ်နဲ့ဆိုနည်းနည်းဝေးသည်။ပျံကျစျေးသည်တွေလဲ ထိုစျေးနားမှာသာပေါသလို၊ကားဟူ၍သိပ်မရှိဘဲ စက်ဘီး၊ဆိုက်ကားနှင့်ဆိုင်ကယ်တွေသာများသည်။

ခြံတစ်ခြံနှင့်တစ်ခြံက အရင်နေရာလိုမျိုး အိမ်တွေပူးကပ်မနေဘဲ အတော်လေးလဲကျယ်သည်။လေကောင်းလေသန့်လဲရသလို ပတ်ဝန်းကျင်ကောင်းလဲဖြစ်သည်။

စိုင်းဉာဏ်ကအပြင်ခဏသွားတာမို့ရောင်ဝါတစ်ယောက်သာအိမ်၌ရှိသည်။တစ်ယောက်ထဲပျင်းတာကြောင့်အိမ်ပတ်ပတ်လည်ကိုလျှောက်ကြည့်နေလိုက်၏။ရောင်ဝါတို့အိမ်သည်  ပေ20×60ပတ်လည်အိမ်ဖြစ်သည့်အတွက်အတော်ကျယ်၏။အိမ်က 10ပေ၊ ပေ60သာဆောက်ထားတာမို့ကျန်တဲ့ဆယ်ပေက ဘေးမှာမြေကွက်လပ်ဖြစ်သည်။ရောင်ဝါ ထိုနေရာကိုမြေတွေပြန်ဖို့ကာ အပင်မျိုးစုံစိုက်ချင်သည့်စိတ်ကူးတစ်ခုရသွား၏။

"စိုင်းဉာဏ်ပြန်လာရင် ပြောရမယ်"

တစ်ယောက်ထဲရေရွတ်ကာ အိမ်ပေါ်ပြန်တတ်မည်အပြု ဆွေးနေသော ခြေနင်းလှေကားကြောင့် ခြေခေါက်ကာမြေပြင်ပေါ်သို့လဲကျသွားတော့၏။

"အာ့"

နာကျင်သွားတဲ့ခံစားချက်ကြောင့် အသံပင်ထွက်မိတဲ့အထိ။ဘောင်းဘီကဒူးဖုံးလေးသာဝတ်ထားတာမို့ သစ်သားနဲ့ပွန်းမိရာကသွေးအနည်းငယ်ထွက်လို့နေပြီ။အားကုန်သုံးပြီးထသော်ငြား နာနေသောခြေကျင်းဝတ်ကြောင့်မထနိုင်ခဲ့။

"ရောင်ဝါ!"

အလောတကြီးဖြင့်ခြံတံခါးကိုဖွင့်ကာဝင်လာသူကြောင့် လန့်သွားတာအမှန်။

နွေးထွေးသောချစ်ခြင်းများဖြင့်. . . .Where stories live. Discover now