ကြာကန်ရဲ့ရေမျက်နှာပြင်ကငြိမ်သက်ကာ ပတ်ဝန်းကျင်မှာလဲဘုရားလေးရဲ့အနောက်ဘက်ဝန်းဖြစ်လို့အနည်းငယ် တိတ်ဆိတ်နေသည်။ လူနှစ်ယောက်ရဲ့ရင်ခုန်သံတွေက ကျယ်လောင်စွာထွက်ပေါ်နေသလို။စိုင်းဉာဏ်သည်ရောင်ဝါ့ရဲ့မျက်နှာလေးကိုကြည့်ကာ ထိုစကားကိုအရဲစွန့်ပြီးပြောလိုက်သည်။ရောင်ဝါ သူ့အပေါ်ဘယ်လိုခံစားချက်ရှိနေသည်လဲမပြောတတ်ပါ။အဓိကက စိုင်းဉာဏ်ဆိုတဲ့ကောင်ရဲ့ရင်ထဲကခံစားချက်ကို ရောင်ဝါသိနေဖို့အရေးကြီးသည်။"ရောင်ဝါ"
စိုင်းဉာဏ်ခေါ်လိုက်တော့အနှီကောင်လေးကမျက်တောင်တစ်ချက်မျှခတ်သွားတာကို လှမ်းမြင်လိုက်ရ၏။
"စိုင်းဉာဏ် မင်းငါ့ကို..."
"ကျုပ်ခင်ဗျားချစ်မိနေပြီ ရောင်ဝါ"
"မင်းကLGBTလား "
"ခင်ဗျားပြောတဲ့အင်္ဂလိပ်စကားလုံးအဓိပ္ပါယ်ကိုကျုပ်နားမလည်ဘူး ပြီးတော့ကျုပ်ကအလယ်တန်းအထိဘဲကျောင်းနေဖူးတဲ့ကောင် ဒါပေမယ့်ကျုပ်ခင်ဗျားကိုချစ်တာကအတည်ပါ"
"....."
"ခင်ဗျားမျက်နှာကိုမတွေ့ရရင်မနေနိုင်ဘူး ခင်ဗျားမျက်နှာလေးညှိုးနေရင်လဲကျုပ်သဘောမကျဘူး ပြီးတော့ခင်ဗျားနဲ့တွေ့တဲ့အချိန်တိုင်းကျုပ်...ကျုပ်ရင်တွေအရမ်းခုန်တာ"
စိုင်းဉာဏ်သည်ရင်ထဲကစကားတွေကိုပြောလိုက်တော့ တစ်ခုခုပေါ့သွားသည့်နှယ်။
"ဟို မင်းငါ့ကိုအခုရည်းစားစကားပြောနေတာပေါ့နော်"
"ချစ်ကြောင်းကြိုက်ကြောင်းပြောနေမှတော့ ဟုတ်တာပေါ့ဗျ"
စိုင်းဉာဏ်ပြောသည့်စကားများက စနောက်နေတာမဟုတ်ဘူးမှန်းသိသည်။ရင်တွေလဲခုန်နေပြီး ဘာလုပ်ရမလဲတောင်မသိ။ပြောသမျှစကားများကလဲ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေကာ စိုင်းဉာဏ်မျက်နှာကိုစေ့စေ့မကြည့်ရဲ့။ဘဝမှာ ပထမဆုံးဖွင့်ပြောခံရခြင်းမို့ရင်ခုန်နေသလို ရှက်နေလားလို့မေးရင် ဟုတ်တယ်ဟုသာဖြေရလိမ့်မည်။
"ပြန်ရအောင်"
ရင်တွေအရမ်းခုန်နေသည့်အပြင် ပြန်ပြောဖို့ရာဘာစကားမှရှာမရတာမို့ပြန်ဖို့တွေးလိုက်သည်။ထွက်လာတာကြာပြီဆိုတော့ ဒယ်ဒီပြန်ရောက်နေလောက်ပြီ။တော်ကြာ သူပြန်မရောက်သေးလို့ဒယ်ဒီမေးနေရင်မိုးမိီးလောင်တာထက်ဆိုးမည်။
YOU ARE READING
နွေးထွေးသောချစ်ခြင်းများဖြင့်. . . .
Romance[Own Creation] Slow romance /BL A love story between two boys.