- 21 - [ U ]

4.7K 449 38
                                    

(A/N - မီးနိီပိစိပါပါတယ် TT)

ရောင်ဝါတစ်ယောက်ဒီရက်ထဲဘာလုပ်လုပ်စိတ်မပါ။အတွေးတွေက ဟိုနေ့ကသက်ထားမေဆိုတဲ့မိန်းကလေးပြောခဲ့သည့်စကားတွေကိုဘဲတွေးနေမိသည်။

စိုင်းဉာဏ်နဲ့ခိုးရာလိုက်ဖို့ စပြောတာကရောင်ဝါဆိုတာမှန်သည်။စိုင်းဉာဏ်အဆင်ပြေလားမပြေလားမသိ သူလွတ်လပ်ချင်တာကိုဦးစားပေးတာစိုင်းဉာဏ်အပေါ်ဒုက္ခပိုစေမိ၏။စိုင်းဉာဏ်ကြိုက်တတ်တဲ့ ကွမ်းယာကို ချက်ချင်းဆိုသလိုဖျက်ခိုင်းခဲ့တာလဲသူ။ဒီကြားထဲစိုင်းဉာဏ်ကိုစိတ်ဆိုးစိတ်ကောက်တာတွေလဲအခါခါ။ထိုအချိန်တိုင်း စိုင်းဉာဏ်ကသူ့ကိုစိတ်ပြေတဲ့ထိချော့နေရာ ဘယ်လောက်တောင်သူ့ကိုစိတ်ပျက်နေပြီလဲဆိုတာမသိနိုင်။

ငါးပိရည်တို့စရာမကြိုက်တဲ့ရောင်ဝါက အိမ်မှာဆောင်ထားလေ့မရှိ။စိုင်းဉာဏ်ကြိုက်တာတွေကို သူဘာတစ်ခုမှမသိခဲ့ဘူး။စိုင်းဉာဏ်ဝယ်ပေးတဲ့မနက်စာကိုနေ့တိုင်းအဆင်သင့်စားပြီး စိုင်းဉာဏ်အတွက်ကျတော့ မနက်စာမပြင်ပေးမိ။

အလုပ်လုပ်ရလို့တစ်နေကုန်ပင်ပန်းနေတဲ့စိုင်းဉာဏ်ဟာ လူငယ်သဘာဝလက်ဖက်ရည်ဆိုင် ထိုင်ပြီးအပေါင်းအသင်းနဲ့အတူအပန်းဖြေချင်သည်မှာထုံးစံ။ဒါကိုသတိမမူမိဘဲ ရောင်ဝါကစိုင်းဉာဏ်ရဲ့လွတ်လပ်ခွင့်တွေကိုအမြဲပိတ်ပင်နေခဲ့၏။

ပြန်တွေးတိုင်းရောင်ဝါ့စိတ်ထဲဝမ်းနည်းသလိုလို။မျက်ရည်တွေကမကျဘူးလို့ဆုံးဖြတ်ထားသော်ငြား ထိုအကြောင်းတွေကိုတွေးမိလိုက်တိုင်းငိုချင်သည်။စိုင်းဉာဏ်အပေါ် သူအများကြီးအနိုင်ယူခဲ့ပြီလား။စိုင်းဉာဏ်ကသူ့ကိုစိတ်ပျက်နေပြီလားဆိုတဲ့အကြောင်းအရာတွေကခေါင်းထဲမှာ တရစ်ရစ်။

"ရောင်ဝါ"

နောက်ပါးဆီမှစိုင်းဉာဏ်အသံကြောင့် ပါးပြင်ပေါ်ကမျက်ရည်တွေကိုလက်ဖမိုးဖြင့်စင်အောင်သုတ်ပြစ်လိုက်၏။

"အင်း "

"ကျုပ်သွားတော့မယ်"

"အင်း သွားလေ"

"ရောင်ဝါ တစ်ခုခုဖြစ်နေတယ်မလား"

"ငါဘာမှမဖြစ်ပါဘူး မင်းသွားစရာရှိတာသွား"

နွေးထွေးသောချစ်ခြင်းများဖြင့်. . . .Where stories live. Discover now