- 6 - [ U ]

7K 668 38
                                    


အရီးရင်စိန်နဲ့ယဥ်မြတို့နှစ်ယောက်ခေါင်းချင်းဆိုင်နေတာကို စိုင်းဉာဏ်စျေးထဲဝင်လာကတည်းကသိနေတာဖြစ်သည်။ဘာဖြစ်တာလဲသိချင်စိတ်ဖြင့်အရီးကိုခေါ်လိုက်တော့ လှမ်းမြင်လိုက်ရတာကရောင်ဝါ ။ကုန်စိမ်းခြင်းတွေဘေးနဲ့လဲကျနေတဲ့ရောင်ဝါ့ပုံစံက ခွေခွေလေးပင်။ဘာကြောင့်အခုလိုဖြစ်ရသလဲ။

ရင်ထဲမှာရောင်ဝါ့အားစိုးရိမ်စိတ်တွေများလာကာ ကုန်စိမ်းခြင်းဘေးနားကခန္ဓာကိုယ်လေးကိုအသာပွေ့၍သူ့ရင်ဘက်သို့အပ်လိုက်သည်။အသက်ရှူသံသဲ့သဲ့ကြားနေရသော်ငြားရောင်ဝါကခဏတာမူးမေ့နေတဲ့ပုံ။စျေးသွားစျေးလာတွေကြည့်နေလား မကြည့်နေလားမသိတော့။ရောင်ဝါ့ နှာခေါင်းနားကိုသံပုရာသီးတစ်လုံးယူကာရှူခိုင်းစေလိုက်ပြီးနောက် ယပ်တောင်ကိုလဲအခပ်မပြတ်။

အရီးရင်စိန်နှင့်ယဥ်မြတို့နှစ်ယောက်မှာမူ စိုင်းဉာဏ်ရဲ့အခုလိုပုံစံကိုမမြင်ဖူးတာမို့ ကြောင်ကြည့်နေကြတာပင်။ဘယ်တုန်းကများ လူဂွစာစိုင်းဉာဏ်ကအခုလိုသူများကိုစိတ်ပူဖူးလို့လဲ။

"ဟင်း..."

"ဟဲ့ စိုင်းဉာဏ်ကောင်လေးသတိရလာပြီလားမသိဘူး"

"ရောင်ဝါ ရောင်ဝါ သတိရပြီလား"

နောက်ကျိမူးနောက်နေတဲ့ခေါင်းကိုအသာဖိကာမျက်လုံးကိုအားတင်းပြီးဖွင့်လိုက်တော့ မြင်လိုက်ရတာကစိုင်းဉာဏ်ရဲ့ညိုညက်ညက်မျက်နှာချောချော။ဒါအပြင်ရောက်နေသည့်နေရာက ထိုကောင်လေးရဲ့ရင်ခွင်တစ်နေရာမှန်းသူသိပါ၏။

"သား ရောင်ဝါ!"

"အန်တီယဥ်"

"သားရယ် ဘာဖြစ်တာလဲကွယ်"

"ရောင်ဝါက မူးလဲတာအန်တီ "

စိုင်းဉာဏ်ဝင်ဖြေလောက်တော့ ထိုအန်တီကရင်ဖက်ကိုဖိကာစိုးရိမ်သည့်ပုံစံ။

"အိမ်ပြန်ရအောင်သား ဖြည်းဖြည်းထနော်"

စိုင်းဉာက်တစ်ယောက်ရောင်ဝါ့ ကိုယ်လုံးလေးကိုအသာထူပေးကာ ရရဲ့လားဟုလည်းပါးစပ်ကမေးနေတာတစ်ဖွဖွ။

"ကျုပ်လိုက်ပို့မယ်လေ"

"နေပါစေစိုင်းဉာဏ် ရတယ်"

နွေးထွေးသောချစ်ခြင်းများဖြင့်. . . .Where stories live. Discover now