- 28 - [ U ]

10.1K 408 78
                                    


"အကြော်စုံ ပူပူလေးရမယ် အကြော်စုံ"

"အရီး ခဏ"

"လာပြီ ငစိုင်းရေ"

အကြော်သည်အရီးလေးရဲ့ခေါင်းပေါ်ကဗန်းကိုကူချပေးလိုက်ပြီး ပူပူနွေးနွေးဖြစ်နေဆဲအကြော်တွေကို ရောင်ဝါစားဖို့ရွေးယူနေလိုက်သည်။မနက်စာကိုရွာဓလေ့ဖြစ်တဲ့ အကြော်ပူပူလေးနဲ့ရေနွေးကြမ်းရယ် ဆီထမင်းနဲ့ပဲပြုတ်ရယ်ကို ရောင်ဝါ့ကိုစားစေချင်သည်။

" ရောင်ဝါ အိမ်ထဲကထွက်လာတာအတော်ဘဲ ဘာစားချင်လဲလာရွေးချည် လာ"

မျက်နှာသစ်သွားတိုက်ပြီးအိမ်ရှေ့ထွက်လိုက်တော့ စိုင်းဉာဏ်ကိုတွေ့တာမို့အနားသွားလိုက်သည်။အကြော်နံ့သင်းသင်းလေးကလဲ မနက်စာမစားရသေးတဲ့ဗိုက်ကိုဆွဲဆောင်နေပြန်၏။

"ငစိုင်း ဒီကောင်လေးကဘယ်သူတုန်းကွဲ့"

"ကျုပ်အမျိုးသားပါ"

မျက်နှာကိုစိုက်ကြည့်ပြီးပြောလာတာမို့ ရှက်ရှက်နဲ့ပင်ရောင်ဝါအိမ်ပေါ်သို့သာပြေးတတ်သွားလိုက်၏။ ဒီကောင်ရူးနေတာလားဘဲ။

"ဟေ့ ရောင်ဝါ ရှက်သွားတာလား"

"မင်းမျက်နှာပိုးကဘာဖြစ်နေတာလဲဟမ် ဘာလို့လူရှေ့မှာအဲ့လိုပြောရတာလဲ"

"ဟုတ်တာပြောတာကို"

ရွာကလူတော်တော်များများကစိုင်းဉာဏ်အိမ်ထောင်ရှိမှန်းသိသည်။သူကလဲဖုံးကွယ်ထားဖို့မရှိတာမို့ ပြောချင်တာပြောကြပါစေ အရှိအရှိတိုင်းဘဲနေသည်။ရွာမှာကွမ်းတောင်ကိုင်၊ပန်းတောင်ကိုင် အပျိုတွေမှရေတွက်မနိုင်။တစ်ချို့ရွာသူတွေ စိတ်ဝင်စားဟန်ပြသော်ငြားစိုင်းဉာဏ်ဘယ်တော့မှ ရောင်ဝါ့အပေါ်သစ္စာမဖောက်ပါ။နောက်တစ်ယောက်ဆိုတာလဲမရှိတော့သလို သူ့နှလုံးသားက ညစိမ်းရောင်ဝါဆီမှာသာ အလုံးစုံရောက်ရှိပြီးသားဖြစ်၏။

ကောင်းကင်မှာကြယ်တွေအများကြီးရှိပေမယ့် စိုင်းဉာဏ်ရဲ့နှလုံးသားထဲမှာတော့ ပန်းချီဆရာလေးတစ်ဦးထည်းသာ နေရာယူလို့နေတာပင်။

"တိတ်! မင်းနဲ့ငါကဘာမှဆိုင်တော့တာမဟုတ်ဘူး ကွာရှင်းပြီး...."

နွေးထွေးသောချစ်ခြင်းများဖြင့်. . . .Where stories live. Discover now