"ရောင်ဝါ ကျုပ်သွားဦးမယ် အိမ်တံခါးကိုသေချာပိတ်ထားနော်"
"အင်းပါ မင်းသာဂရုစိုက်သွား"
"ထမင်းဟင်းတွေမချက်ထားနဲ့နော် ကျုပ်အပြင်ကတစ်ခုခုဝယ်ခဲ့မယ် ထမင်းစားချိန်အမှီတော့ပြန်လာမှာပါ "
"ဟုတ်ပါပြီ"
"ပျင်းနေရင်တီဗွီကြည့်နေနော် ဒါမှမဟုတ် အိမ်ဘေးမှာပုံဆွဲနေ လူစိမ်းလာရင်တံခါးမဖွင့်ပေးနဲ့"
"သိပါတယ်စိုင်းဉာဏ်ရာ ငါကလေးမဟုတ်ပါဘူး မှာနေတာတွေကမနက်ကတည်းကအခုထိဘဲ မင်းမမောဘူးလား"
အလိုမကျစွာပြောလာသူ၏မျက်နှာမှာချစ်ဖို့ကောင်းလွန်းတာမို့ ပါးနှစ်ဖက်ကိုဆွဲညှစ်လိုက်သည်။
"အ့"
"အသည်းယားလို့ "
"နာသွားပြီ မင်းကြောင့်"
"အုံဖွနော် ခင်ဗျားကိုကျုပ်ကစိုးရိမ်လို့လေ ဒီနေရာကခင်ဗျားနဲ့ရောကျုပ်နဲ့ရော ရင်းနှီးတာမဟုတ်ဘူး တစ်ခုခုဖြစ်မှာဆိုးလို့ပါ"
"မှာတာတွေအကုန်ငါသိပြီမို့ စိတ်မပူနဲ့ မင်းသာအဆင်ပြေအောင်လုပ်ခဲ့"
"အင်း ဒါဆိုကျုပ်သွားမယ်"
"ပိုက်ဆံသေချာထည့်သွားလား"
"ကြွတ်ကြွတ်အိပ်အမည်းနဲ့ထုတ်ထားတယ် စိတ်ချ ကျုပ်ငွေတွေကိုဘယ်ကောင်မှမခိုးရဲဘူး"
စိုင်းဉာဏ်အပြောကို ရောင်ဝါကရယ်၏။တော်တော်ပြောတတ်တဲ့ကောင်။
" သုံးဘီးကိုဖြေးဖြေးမောင်းသွားဦး"
"အင်း"
ထိုသို့ပြောလိုက်မှ စိုင်းဉာဏ်တစ်ယောက်ဝါးခမောက်ကိုခေါင်းမှာဆောင်းလျှက်သုံးဘီးဆိုက်ကယ်ကိုမောင်းကာအိမ်ကနေထွက်သွား၏။နဂိုကတည်းဆိုင်ကယ်တို့ကားတို့မောင်းတတ်တဲ့ စိုင်းဉာဏ်အတွက်သုံးဘီးမောင်းတာလောက်က သီးသန့်သင်စရာမလို။
2017ထွက် အကျယ် ၈ခွဲ၄ပေရှိ သုံးဘီးဆိုင်ကယ်အပြာရောင်လေးအား စိုင်းဉာဏ်ဝယ်ထားတာဖြစ်သည်။အသစ်စျေးဆိုမတတ်နိုင်တာမို့ တစ်ဝက်နီးပါးသက်သာသည့် secondလေးကို စျေးသက်သက်သာသာနဲ့ဝယ်ထားခြင်းသာ။လိုင်စင်ပါတစ်ခါထည်းပါသေးတာမို့စိတ်ပူစရာတော့မလို။ အဟောင်းဆိုသော်ငြား သူအလုပ်လုပ်ဖို့အတွက်တော့ ကောင်းကောင်းကြီးလုံလောက်၏။
YOU ARE READING
နွေးထွေးသောချစ်ခြင်းများဖြင့်. . . .
Romance[Own Creation] Slow romance /BL A love story between two boys.