- 26 - [ U ]

3.9K 313 21
                                    

မှန်အပြင်ဘက်က သဘာဝရှုခင်းတွေကိုကားပေါ်ကနေငေးရင်းလက်ထဲမှာပုံဆွဲစာအုပ်တစ်အုပ်နဲ့အတူ ခဲတံတစ်ချောင်းနှင့်။ဒီလိုနယ်ဝေး ခရီးမထွက်ရတာကြာပြီမို့ရောင်ဝါအတော်လေးစိတ်လှုပ်ရှားနေသည်။သူဇာနဲ့အတူ ရွာအလည်လိုက်မယ်ဆိုရော အန်တီယဥ်ကစိတ်မချသလို ဒယ်ဒီကတော့ထုံးစံအတိုင်း 'မင်းကဘာလို့အဲ့လိုရွာဘက်ကိုလိုက်သွားမှာလဲ'ဟူ၍အဆင့်အတန်းတွေပါ ထည့်ပြောလာပြန်သည်။

နှစ်ယောက်လုံးကိုနားလည်အောင်ရှင်းပြမှသာ လက်ခံသယောင်ရှိသည်။ဒါတောင်အတိုက်အခံပြောရတုန်း။ဒယ်ဒီ့တင်းကျပ်မှုတွေကို ​အခုနောက်ပိုင်းရောင်ဝါကလက်မခံတာများသလို ဒယ်ဒီကလဲအသက်ကြီးလာတော့ အရင်ကထက်စာရင်စိတ်တွေလျော့ထားတယ်ထင်ပါသည်။

"အကိုလေး အကိုလေး"

"ဘာတုန်းဟာ"

"ရောက်ပြီ "

"ဟမ် နင်ပြောတော့ရွာဆို"

"ဟာ အကိုလေးနှယ့် အခုကကားဝင်းရောက်တာ ရွာရောက်ဖို့က တုတ်တုတ်စီးရဦးမှာတော့"

"တုတ်တုတ်ဆိုတာက သုံးဘီးကိုပြောတာလား"

"အံမယ် အကိုလေး ဒါကျသိသား"

ရောင်ဝါကရယ်ကြဲကြဲဖြင့်သာနေလိုက်သည်။သုံးဘီးဆိုတာနဲ့မျက်လုံးထဲမှာ မြင်လာတာကစိုင်းဉာဏ်ကိုပင်။ဖလန်ထည်အနွေးထည်အကွက်နဲ့အတူ ချွေးသုတ်ဖို့သပတ်တစ်ထည်ကိုအမြဲတမ်းလည်ပင်းမှာပတ်ထားတတ်ပြီး ဝါးခမောက်ကလဲစောင်းထားတဲ့စိုင်းဉာဏ်က သုံးဘီးမောင်းနေတဲ့အခါမျိုးဆို သိပ်ကိုကြည့်ကောင်းသည်။

​တွေးလက်စကိုရပ်ပြီး အထုတ်အပိုးတွေချကာ ကားပေါ်ကဆင်းလိုက်သည်။သူဇာကသူ့နယ်ဆိုတော့ အကုန်သိနေပေမယ့် ရောင်ဝါ့အတွက်တော့နေရာအဆန်းတွေပင်။ခဏကြာတော့သုံးဘီးတစ်စီးရောက်လာပြီး ခရီးဆက်ရ၏။ဖြတ်သွားဖြတ်လာဆိုင်ကယ်တွေကြောင့် ရွာလမ်းက ဖုန်အလိမ်းလိမ်းထနေသည်။ရောင်ဝါက မပေါ်ထပ်အင်္ကျီကိုချွတ်လိုက်ပြီးခေါင်းကိုအုပ်ထားလိုက်သည် ဖုန်တွေကတအားထလွန်း၏။

ရန်ကုန်ကနေကားစီးလာတာလဲ ၆နာရီတောင်ပြည့်လုနီးပါးဖြစ်သည်။အခုထိရွာရဲ့အရိပ်အယောင်မမြင်ရသေးသလိုရောက်ဖို့ကလဲလိုသေးသည့်ပုံ။ကားအကြာကြစီးလာရတာကြောင့်ဖင်တွေလဲပူလှပြီ။

နွေးထွေးသောချစ်ခြင်းများဖြင့်. . . .Where stories live. Discover now