- 9 - [ U ]

6.8K 729 57
                                    


အရီးရင်စိန်တို့ကုန်စျေးဆင်းသည်မို့ စိုင်းဉာဏ်မနက်ပိုင်းလိုက်ပို့ဖြစ်​ပြီးဆိုင်ခဏထိုင်ပေးနေ၏။လကုန်ရက်နီးလာပြီမို့အိမ်လခနှင့်ရေဖိုးမီးဖိုးပေးရတော့မည်။တစ်လလုံးစာအတွက် ချွေတာသုံးသော်လည်း ဘာယီယကိစ္စတွေအတွက်ကထွက်လာသေး၏။

"စိုင်းဉာဏ် ပန်းဂေါ်ဖီတစ်ထုပ်ဘယ်လောက်လဲ"

"၈၀၀ ဒေါ်ကြီး"

"အေးအေး ပိုတာကိုနံနံပင်လေးနှစ်ရာဖိုးထည့်လိုက်"

ကမ်းပေးလာတဲ့ 1000တန်ကိုအရီးလေးပိုက်ဆံခြင်းထဲထည့်ပြီး ပစ္စည်းထုတ်ကိုလှမ်းပေးလိုက်သည်။တဖြည်းဖြည်းနဲ့စျေးထဲ လူစည်လာကာကုန်စိမ်းတွေက ကုန်လုနီးပါးဖြစ်ပြီ။ပြောင်းဖူးအနည်းငယ်နဲ့အရွက်တွေကျန်တာကို အရီးရင်စိန်နှင့်ထားခဲ့ပြီးအိမ်ခဏတော့ပြန်ရမည်။

"အရီး ကျုပ်အိမ်ပြန်ဦးမယ်"

"အေးအေး ဒါနဲ့နင့်ကို သက်ထားကဟိုနေ့ကမေးနေတယ်"

"ဟုတ်တယ် ကိုကြီးစိုင်းဉာဏ် သက်ထားမေကကိုကြီးကိုစိတ်ဆိုးနေတယ်နဲ့တူတယ် ယဥ်မြတို့သုံးယောက်ဟိုနေ့ကပွဲစျေးလျှောက်တော့ ကိုကြီးနဲ့ကောင်လေးတစ်ယောက်ကို တွေ့လိုက်တယ်"

ယဥ်မြနဲ့အေးမြကညီမတွေဖြစ်ပြီး ဖိုးထောင်ရည်းစား အေးမြကအကြီးမဖြစ်သည်။ သူတို့ညီအစ်မတွေက သက်ထားမေနဲ့သူငယ်ချင်းတွေ။

"အဲ့တော့ဘာဖြစ်လဲ"

"ဘာဖြစ်ရမှာလဲကိုကြီးစိုင်းဉာဏ်ရဲ့ ကိုကြီးကမိသက်ထား ပွဲစျေးလျှောက်ဖို့ခေါ်တာကျ ငြင်းပြီး တခြားသူနဲ့ကျသွားတာကိုတော့"

"ရောင်ဝါက အဲ့လိုနေရာတွေတစ်ခါမှမရောက်ဘူးလို့ ငါကလိုက်ပို့တာ ပြီးတော့ ယဥ်မြနင်ဟိုကောင်လေးလို့မခေါ်စမ်းနဲ့ ရောင်ဝါကငါ့ထက်ကြီးတယ်"

"အို..တကယ်လား မထင်ရဘူးနော် အဲ့အကိုကနုတယ် "

"ငစိုင်းရယ် သက်ထားမေက လိမ္မာပြီးသိတတ်တဲ့မိန်းကလေးပါဟယ် နင်အဲ့လောက်ကြီးငြင်းဆန်မနေပါနဲ့ မိန်းကလေးဘက်ကိုအားနာဦး"

အရီးရင်စိန်စကားကြောင့် ဆောင်းထားတဲ့ဝါးခမောက်ကိုချွတ်ကာ ယပ်တောင်သဘောမျိုးတဖျက်ဖျက်ခတ်လိုက်သည်။နေပူရတဲ့ ကြားထဲ အရီးကဘာတွေပြောမှန်းမသိ။

နွေးထွေးသောချစ်ခြင်းများဖြင့်. . . .Where stories live. Discover now