- 2 - [ U ]

11.1K 869 64
                                    


ညနေခင်းလေးနာရီအချိန်ဖြစ်တာမို့ နေအလင်းရောင်မှာသဲ့သဲ့သာကျရောက်နေပြီး တိမ်တွေကလဲဟိုတစ်ရွေ့ဒီတစ်ရွေ့။

ဒယ်ဒီအပြင်သွားတုန်းရောင်ဝါတစ်ယောက်ခြံထဲကခုံပေါ်မှာထိုင်ကာစိတ်ကူးထဲကပုံလေးတွေကို လက်တမ်းရေးဆွဲဖို့ပြင်လိုက်သည်။လမင်းကလဲသူ့သူငယ်ချင်းတွေနဲ့လျှောက်သွားသည်မို့ အိမ်မှာနားအေးပါးအေးရှိလှသည်။ဦးဘုန်းရောင်ဝါရှိရင် ဒီလိုမျိုးပန်းချီဆွဲရမည်မထင်။အဲ့ဒီအစား သူ့ရဲ့ပန်းချီကားတွေဆွဲဖြဲခံရမလား၊မီးရှို့ခံရမလားတစ်ခုခုဘဲ။

"ကလင် ကလင်"

ခြံတံခါးကဘဲလ်တီးသံကြားတာမို့ အမြန်ပင်တံခါးသွားဖွင့်ပေးလိုက်တော့ တွေ့လိုက်ရတာကမနေ့ကကောင်လေး။
ညိုမြမြအသားအရည်နှင့်အတူမျက်ခုံးကထူထူ ကွမ်းစားထားတဲ့အရှိန်​ကြောင့်နှုတ်ခမ်းသားတွေနီရဲနေပေမယ့် ထိုကောင်လေးမှာကြည့်လို့ကောင်းသည်။ ဂျိုင်းပြတ်စွပ်ကျယ်ပေါ်မှာ စက်စီတွေပေနေတဲ့အပြင်
လက်ထဲမှာလဲ ပေါက်တူးတစ်ချောင်းနဲ့။

"ဟင်.. မင်း"

"ကျုပ်ခြံရှင်းဖို့လာခဲ့တာ ကိုဇော်ကြီးလွှတ်လိုက်လို့"

"ဟုတ်သား ဒယ်ဒီမနက်ကပြောတယ် လာလေ"

​အိမ်ထဲကိုဝင်ဝင်ချင်း စိုင်းဉာဏ်ခြံကြီးကိုလှည့်ပတ်ကြည့်လိုက်သည်။လူချမ်းသာတွေနေတဲ့အိမ်က သူငှားနေတဲ့အိမ်ထက် ၁၀ ဆလောက်ကျယ်သကိုး။

"ဒီပန်းအိုးတွေကိုအစီအရီထားပြီး သစ်ရွက်ခြောက်တွေနဲ့ ရှုပ်နေတဲ့ဟာတွေရှင်းလိုက်နော် ပြီးတော့မြက်ပင်တွေရောဘဲရှည်နေပြီမို့လို့"

"ကျုပ်သိပြီ"

"ဒါဆို ငါဟိုနားမှာပန်းချီဆွဲနေမယ်သိလား"

"အင်း"

ခပ်သုတ်သုတ်လျှောက်သွားတဲ့သူကိုကြည့်ကာ စိုင်းဉာဏ်တစ်ချက်ပြုံးလိုက်သည်။ထိုလူကသူ့ကိုပြုံးပြသွားသည်မလား။ကွင်းထိုးဖိနပ်အဖြူရောင်လေးကိုစီးထားကာ Tshirtမိုးပြာရောင်နဲ့ဘောင်းဘီကလဲဒူးဖုံးလောက်လေးဘဲဝတ်ထားတာကြောင့် ထိုလူ့ပုံစံက ကလေးလေးလို။

နွေးထွေးသောချစ်ခြင်းများဖြင့်. . . .Where stories live. Discover now