- 4 - [ U ]

8K 719 26
                                    


တနင်္ဂနွေနေ့ပိတ်ရက်ဖြစ်တာကြောင့်စိုင်းဉာဏ်ရဲ့နားရက်ဖြစ်သည်။ပိတ်ရက်ဆို အရီးရင်စိန်နဲ့စျေးထဲမှာဝိုင်းကူရောင်းပေးတာများတာမို့ ဒီနေ့လဲ မနက်ခင်းတစ်ဖြတ် တညင်းကုန်းစျေးကိုမနက်ခင်းအပြေးသွားပြီး သစ်သီးတွေဝယ်လာကာ ကူရောင်းပေးဖို့တွေးထားတာဖြစ်သည်။

"စိုင်းဉာဏ် ဘာတွေတုန်းကွ"

"အသီးတွေဗျ"

"သြဇာသီးပါလား"

"ပါတယ်"

"တစ်လုံးဘယ်လောက်တုန်း"

"၃၀၀"

"နှစ်လုံးငါးရာရတယ်မလား"

"မရဘူး"

ဆောင်းထားတဲ့ဝါးခမောက်ကိုတစ်ဖျက်ဖျက်ခပ်ကာ ကွမ်းဝါးမပြတ်ပါဘဲဖြေနေသည့်ပုံကဘောက်ဆက်ဆက်။

"မင်းကလဲကွာ အချင်းချင်းကို"

"ဟာဗျာ မရလို့မရဘူးပြောတာပေါ့ ကျုပ်ရရင်ပေးတယ်ဗျ"

"အေးပါကွာ နှစ်လုံးပေး"

"ဒါဘဲလား"

"အေး"

သြဇာသီးမှည့်နှစ်လုံးထည့်ထားတဲ့ ကြွတ်ကြွတ်အိတ်ကိုကမ်းပေးလိုက်ပြီး ထိုလူ့ဆီမှပိုက်ဆံယူကာစျေးဦးအရင်ဖောက်ရသည်။စိတ်ကတော့သိပ်မကြည်ချင် စျေးဦးဖောက်ကိုများလာစစ်ရတယ်လို့။

.
.
.
.

"အရီးရင်စိန် ဒီမှာပိုက်ဆံ အသီးတွေကနည်းနည်းဘဲကျန်တော့တယ် ဆက်ရောင်းလိုက်တော့"

ကြွပ်ကြွပ်အိတ်အဖြူနဲ့ထုတ်ထားတဲ့ပိုက်ဆံထုပ်ကိုအရီးလေးလက်ထဲထည့်ပေးပြီး ရေတစ်ငုံ ငုံကာကွမ်းယာဝါးထားတဲ့ပါးစပ်ကိုပလုတ်ကျင်းလိုက်သည်။အရီးရင်စိန်ဆိုတဲ့သူက စျေးထဲမှာသူရဲ့အရင်းနှီးဆုံးအဒေါ်ဆိုလျှင်မမှား။စိုင်းဉာဏ်မြို့စရောက်တဲ့အချိန် ဘာလုပ်ရမှန်းမသိလို့အရီးရင်စိန်ကဘဲအစစအရာရာကူညီခဲ့တာမို့ကျေးဇူးတွေရှိသည်။

"ဟဲ့ ငစိုင်းနင်ကဘယ်တုန်း"

"ဘေးတွဲလေးရသလောက်ဆွဲမလို့ဗျ"

"အေးအေး ညနေငါ့ကိုတစ်ခေါက်လာကြိုဦးနော် မမေ့နဲ့"

အရီးရင်စိန်ရဲ့အော်ပြောသံကိုခေါင်းငြိမ့်ပြကာ ရေချမ်းစင်ကရေတစ်ခွက်ကိုဝဝသောက်၍ ဂိတ်သို့ဦးတည်တော့သည်။အချိန်တောင်လင့်နေပြီမလား။

နွေးထွေးသောချစ်ခြင်းများဖြင့်. . . .Where stories live. Discover now