မနက်စောစောနေတောင်မထွက်သေးတဲ့အချိန် ၄နာရီခွဲတွင်စိုင်းဉာဏ်သည် ဆိုင်ကယ်ဘေးတွဲကိုယူပြီး အာရုံစျေးပြေးရသည်။အာရုံစျေးဆိုသည်မှာ မနက်၄နာရီကနေ ၆နာရီ ၇နာရီလောကျအထိဘဲဖွင့်တဲ့စျေး။ ထိုအချိန်မှာ ကုန်စိမ်းတို့ပန်းတို့ကပေါပေါများများရှိတဲ့အပြင် စျေးလည်းချိုသည်။အသား၊ငါးမှာလဲ လတ်လတ်ဆတ်ဆတ်တွေသာဖြစ်ပြီး ချက်စားရင်အင်မတန်မြိန်သည်။
ဒီနေ့တော့အရီးရင်စိန်ရောင်းဖို့အတွက် ပန်းဒိုင်ကနေပန်းတွေလာယူပေးတာဖြစ်သည်။ ဒိုင်ကနေပန်းတွေအများကြီးဝယ်ပြီး လက်ကားစျေးနဲ့ယူရင်စျေးလဲသက်သာပြီး
မြတ်များများလဲကျန်သည်။ဥပမာဒိုင်ကနေ တစ်စည်း ၁၀၀၀နဲ့ဝယ်ရရင် စျေးမှာ ၁၅၀၀နဲ့ပြန်ရောင်း ၅၀၀အသားတင်မြတ် ဘယ်လောက်မိုက်လဲ။စျေးသို့အရောက် စျေးသည်တစ်ချို့ရဲ့ရောင်းသံဝယ်သံများဆူညံနေကာ လူတွေလဲများသည်။အာရုံစျေးသာဆိုတယ်စည်လိုက်ပုံများ။
"ဟေ့ စိုင်းဉာဏ် ဘာလာဝယ်တာတုန်းကွ"
"ပန်းတွေလေ ဦးလေးရဲ့ အရီးလွှတ်လိုက်လို့ ကျုပ်ဒိုင်ဆီမှာလာယူတာ"
စကားလမ်းကြောင်းဖြတ်ပြီးနောက် ပန်းဒိုင်ဆီမှာပန်းဝယ်ရတော့သည်။အရီးပေးလိုက်တဲ့ပိုက်ဆံနဲ့လောက်မယ့်စျေးကိုဒိုင်နဲ့အတတ်နိုင်ဆုံးညှိပြီးနောက် အဆင်ပြေသွားပြီ။
" အရီးကမှာလိုက်တယ် သန့်တာလေးတွေထည့်ပေးပြန်ရောင်းမှာမို့"
"စိတ်ချပါကွာ"
အရီးမှာတဲ့အတိုင်း ဂန္ဓမာ၊ပန်းတိမ်ဘို၊နှင်းဆီအရောင်စုံ၊ဇော်လုံး၊နေကြာ၊သပြေစတဲ့ ဘုရားပန်းမျိုးစုံကိုဝယ်လာတဲ့အပြင် ရွေပန်း၊ငွေပန်းတောင်အစစ်ပါသေး။
အရီးရဲ့အပြောချိုပုံနဲ့ဝယ်လာတဲ့ပန်းတွေက ရောင်းမကုန်ဖို့မပူရ။.
.
.
.
."ငစိုင်း မင်းမနက်က အရီးကိုပန်းကြိုပေးခဲ့တယ်ဆို တစ်မနက်စာရပြီပေါ့"
"တစ်ကြောင်းစာပါဘဲ ဖိုးထောင်ရာ"
"ငစိုင်းရာ ငါ့ကိုဘီယာဝယ်တိုက်စမ်းပါ"
YOU ARE READING
နွေးထွေးသောချစ်ခြင်းများဖြင့်. . . .
Romance[Own Creation] Slow romance /BL A love story between two boys.