- 13 - [ U ]

7.1K 776 79
                                    


ဧည့်ခန်းထဲရှိခုံပေါ်မှာထိုင်နေတဲ့ဦးဘုန်းရောင်ဝါသည်ဒေါသတစ်ကြီးဖြင့် ထိုင်ခုံလက်ရန်းကိုထုကာ...

"တောက်စ်! ခွေးထက်မိုက်တဲ့သား"

ဦးဘုန်းရောင်ဝါ၏တောက်ခ်ခေါက်သံနဲ့အတူစကားပြောသံတွေကအစ ဒေါသထွက်နေမှန်းပြောစရာမလို။သားဖြစ်သူကိစ္စသိသိချင်း ဦးဘုန်းရောင်ဝါ အတော်လေးကိုအံ့အားသင့်သွားတာအမှန်။မနက်ကတည်းကဖုန်းတွေဆက်တိုက်ခေါ်နေခဲ့သော်ငြား ညစိမ်းရောင်ဝါသည် ဖုန်းကိုဆက်ပိတ်ထားပြန်၏။

"မိဘမျက်နှာကို အိုးမည်းသုတ်တဲ့ကောင် ဒုက္ခရောက်မှငါ့အိမ်ပေါ်ပြန်တတ်လာကြည့် သေအောင်သတ်ပြစ်မယ်"

"အကိုရယ် စိတ်ကိုလျော့ပါ"

"မင်းအထိန်းအကွပ်မနိုင်လို့ဖြစ်တာယဥ် အစကတည်းကအဲ့ကောင်နဲ့ပတ်သတ်နေတာသိသိကြီးနဲ့ကိုမင်းက မတင်းကျပ်ခဲ့တာ"

"အကိုရယ် ရောင်ဝါကငယ်တော့တဲ့အရွယ်မဟုတ်ပါဘူး သူ့ချစ်ရသူနဲ့နေချင်တဲ့စိတ်လေးကိုအကိုကဘဲနားလည်ပေးလိုက်ပါ"

"ဘာ! ငါကဘာကိစ္စအဲ့လိုကောင်နဲ့လိုက်ပြေးတာကိုနားလည်ပေးရမှာလဲ မင်းငါ့ကိုနားလာမချနဲ့ ယဥ် ငါ့ဒေါသတွေမင်းဆီရောက်သွားမယ် "

ယောကျ်ားဖြစ်သူ၏စကားကြောင့်ဒေါ်သိမ်မွှေ့ယဥ်မှာမျက်ရည်တွေဝဲလျက်သား။သူမ၏သားအရင်းမဟုတ်သော်ညား လိမ္မာပြီးအေးအေးဆေးဆေးနေတတ်တဲ့ရောင်ဝါ့ကို လမင်းထက်ပိုသံယောဇဥ်ရှိသည်။ပို၍ချစ်သည်။

မနက်ခင်းအိပ်ယာထချိန်၌ မနက်စားစားဖို့ရာရောင်ဝါ့အခန်းထဲကို ဒေါ်သိမ်မွေ့ယဥ်သွားနှိုးဖြစ်ခဲ့သည်။အခန်းထဲမှာရောင်ဝါ့ကိုမတွေ့၍စိတ်ပူသွားသည်မှာအမှန်။စားပွဲပေါ်ကိုအကြည့်ရောက်မိတော့ စာတစ်စောင်ကိုတွေ့သည်။အန်တီယဥ်ကနေအစချီပြီးရေးထားတဲ့ ရောင်ဝါ့ရဲ့စာတွေထဲမှာ သူ့ရဲ့မွန်းကျပ်မှုတွေ၊စိတ်ပင်ပန်းမှုတွေအပြင်၊ စိုင်းဉာဏ်ဆိုတဲ့ကောင်လေးအကြောင်းလဲပါသည်။

'ကျွန်တော် စိုင်းဉာဏ်နောက်ကိုလိုက်သွားပြီအန်တီယဥ်  ကျွန်တော့်ကိုစိတ်မပူဘဲကျန်းမာရေးသာဂရုစိုက်ပါ'

နွေးထွေးသောချစ်ခြင်းများဖြင့်. . . .Where stories live. Discover now