ထုံးစံအတိုင်း မနက်ခင်းရေဘူးပို့ဖို့ရာရှိသေးသည့်အပြင် ရောင်ဝါနိုးလာရင်စားဖို့မနက်စာပါဝယ်ရမည်ဖြစ်တာမို့ မနက်၇နာရီခွဲလောက်ဆို စိုင်းဉာဏ်အိပ်ယာမှထသည်။
မျက်နှာသစ်သွားတိုက်ပြီးတဲ့နောက်မှာ အိပ်ခန်းထဲမှာအိပ်ပျော်နေတဲ့ သူဆီသို့တစ်ခေါက်သွားကြည့်လိုက်သည်။ပြတင်းပေါက်ကနေထိုးလို့နှင့်တူသည် ရောင်ဝါ ကမျက်နှာပေါ်ကိုစောင်တင်ထားတာမို့ အသက်ရှုကျပ်နေမည်ကိုစိုးကာ ပြတင်းပေါက်အားအသာလေးပိတ်လိုက်သည်။
"ရောင်ဝါ"
"အင်း...."
အိပ်ချင်မူးတူးဖြစ်နေသည့်ပုံစံလေးမှာအသဲယားစရာ။
"ကျုပ်မနက်စာသွားဝယ်ဦးမယ် တံခါးသေချာပိတ်ခဲ့မယ်နော် ခင်ဗျားအိပ်နှင့်ဦး စောသေးတယ်"
"အင်း....ပလာတာ"
"ဝယ်ခဲ့ပါ့မယ်"
"အင်း...."
အိပ်ချင်မူးတူးဖြင့် စားချင်တာမှာနေပုံကချစ်စရာအတိ။
"အဟား ကျုပ်အူယားလိုက်တာဗျာ"
တစ်ကိုယ်တည်းပြုံးရယ်ကာရေရွတ်ပြီးနောက် ဈေးနားကလက်ဖက်ရည်ဆိုင်သို့ မနက်စာအပြေးလေးဝယ်ရတော့သည်။
.
.
.
.စိုင်းဉာဏ်ရေပို့နေသည်မှာ တစ်ပတ်လောက်ကြာပြီဖြစ်တာမို့ အလုပ်ကအဆင်ပြေသလိုရှိသည်။တစ်ဦးစနှစ်ဦးစမှနေပြီး စကားစမိကြ၍အခုဆိုစိုင်းဉာဏ်လဲဖောက်သည်အနည်းငယ်ရပြီ။တစ်နေ့ကို ဘူး ၁၀၀နီးပါးလောက်ကုန်သည်မို့ အမြတ်ရတာမှာလဲ များသည်။အခုဆိုရင် မနက်ပိုင်းတင်မက ညနေပိုင်းတွင်လဲရေပို့ရသည့်အခါမျိုးရှိသည်။
ရသမျှပိုက်ဆံကို သူ့အတွက် ကွမ်းဖိုး၊ လက်ဖက်ရည်ဖိုး ၅၀၀ ၁၀၀၀သာချန်ပြီး ရောင်ဝါ့ကိုအကုန်အပ်သည်။ရောင်ဝါသည်လဲ ထိုငွေတွေကိုလက်လွှတ်စပယ်အသုံးမပြုဘဲ သုံးစရာရှိတာကိုသုံးကာ ကျန်သည့်ငွေကို ဆိုင်ကယ်ဝယ်ထားတဲ့အကြွေးအတွက်ဖယ်သလို၊ လိုအပ်ရင်သုံးဖို့လဲ သေချာစုထားတတ်တာမို့ အခုဆိုသူတို့အိမ်ထောင်ရေးက အဆင်ပြေပြေရှိလှသည်။
YOU ARE READING
နွေးထွေးသောချစ်ခြင်းများဖြင့်. . . .
Romance[Own Creation] Slow romance /BL A love story between two boys.