- 17 - [ U ]

5.5K 565 27
                                    

"တောက်ခ် မင်းတို့ကောင်တွေစောက်သုံးတစ်စက်ကလေးမှမကျဘူး"

'ဖြောင်း'

ပါးစပ်ကနေပြောလဲပြော လက်ကလဲသူခိုင်းထားတဲ့ကိစ္စကိုအဆင်ပြေမလာတဲ့သူအားရိုက်လိုက်ပြန်၏။

"မတွေ့မရှင်းရှာထား! တွေ့တာနဲ့ငါ့ဆီခေါ်လာခဲ့"

"ကြားလား"

"ဟုတ်..ဟုတ်ကဲ့ပါ"

အမိန့်ပေးသံကိုနာခံတဲ့အနေဖြင့်ခေါင်းငြိမ့်ပြကာထွက်သွားကြပြီဖြစ်သည်။ဦးဘုန်းရောင်ဝါသည်မျက်မှန်ကိုပင့်တင်လျှက် ဧည့်ခန်းထဲမှာသူ့၏ဒေါသကိုဖြေနေ၏။

ထိုအချိန်....

"အကို"

"ပြော ယဥ်"

"စိတ်ကိုလျော့ပါအကိုရယ် ရောင်ဝါကသူ့ဘဝနဲ့သူအခုဆိုအဆင်ပြေနေလောက်ပါပြီ"

"တော်စမ်းယဥ် မင်းသူ့ဘက်ကနေဘာမှပြောပေးမနေနဲ့ သူလားဆင်းရဲတဲ့ဒဏ်ကိုခံနိုင်မှာ ငါပြောရဲတယ်ဒီကောင်ငါ့အိမ်ပေါ်ကိုမျက်ရည်နဲ့မျက်ခွက်ပြန်တတ်လာမယ်ဆိုတာ"

"အကိုရယ် ဒါပေမယ့် ..."

"ထပ်မပြောနဲ့ယဥ် ငါရောင်ဝါ့ကိုလူသုံးပြီးအကုန်ရှာခိုင်းထားပြီးပြီ သူပြန်မလာရင်တောင်ငါကလိုက်ခေါ်မှာ ဘာမဟုတ်တဲ့ဟိုအကောင်နဲ့သဘောတူမယ့်အစား တခြားတစ်ယောက်နဲ့ပေးစားလိုက်မယ်"

ဒေါသနဲ့အတ္တကိုသာရှေ့တန်းတင်လွန်းတဲ့ခင်ပွန်းဖြစ်သူကို ဒေါ်သိမ်မွေ့ယဥ်ဘာမှထပ်မပြောလိုတော့။တစ်နေ့တစ်နေ့ ရောင်ဝါမရှိတော့ သူ့အတွက်လဲအဖော်မဲ့သွားသလို။

'ကျွီ'

ဧည့်ခန်းတံခါးသည် ကျွီခနဲပွင့်လာပြီးနောက် ဝင်လာသည့်သူက ဘုန်းနေမင်းယံ။

"မောင်နေမင်း လာတာတဲ့အတော်ဘဲ အန်ကယ်ပြောစရာရှိတယ် စာကြည့်ခန်းသွားရအောင်"

"ဟုတ်ကဲ့ အန်ကယ်"

စာကြည့်ခန်း၌ဖြစ်၏။

"မောင်နေမင်းထိုင်ဦး အန်ကယ်ပြောစရာရှိတယ်"

"ဟုတ်ကဲ့"

စာကြည့်ခန်းထဲရှိခုံ၌မျက်နှာချင်းဆိုင်နေရာယူလျှက်ရှိကာ ဘုန်းနေမင်းယံသည် အရှေ့ကဦးဘုန်းရောင်ဝါ၏စကားသံကိုနားစွင့်နေ၏။

နွေးထွေးသောချစ်ခြင်းများဖြင့်. . . .Where stories live. Discover now