နှစ်ရက်ခန့်အကြာ....မနက်အစောကြီးထကာ စိုင်းဉာဏ်တစ်ယောက်ပြင်ဆင်စရာရှိတာပြင်ဆင်ရသည်။ဒီနေ့ကရောင်ဝါ့ကိုခိုးပြေးမည့်နေ့မို့ လုပ်စရာရှိတဲ့ကိစ္စအဝဝကိုအပြတ်ဖြတ်ခဲ့ရမည်။အိမ်ကိုအိမ်ရှင်ဆီပြန်အပ်ရမည်ဖြစ်သလို နောက်နေ့ဘေးတွဲမယူတော့မည့်အကြောင်းကိုလဲownerကိုပြောရမည်။
"ကိုဇော်ကြီး"
"ဟေ ငစိုင်း ဝင်ခဲ့လေ"
"ကျုပ်ပြောစရာရှိလို့လာတာ"
"ဆိုစမ်းပါဦးကွ"
ရှေ့သို့ချပေးလာတဲ့ရေနွေးကြမ်းခွက်ကိုတစ်ငုံမော့လိုက်ကာစိုင်းဉာဏ်ကစကားဆက်သည်။
"ကျုပ်ဘေးတွဲပြန်အပ်မလို့ဗျ"
"ဘာလို့တုန်း ငစိုင်းရ"
"ကိစ္စလေးတွေရှိလို့ ကျုပ်ဒီမှာနေဖြစ်တော့မယ်မထင်ဘူး အဲ့ဒါကြောင့်ပြန်အပ်တာ"
"အေးပါကွာ ငါကလည်းမင်းကိုဘဲငါ့ဆိုင်ကယ်လေးဆွဲစေချင်တာ တခြားသူတွေကမင်းလိုမဟုတ်ဘူးကွ ownerကြေးလဲရက်မမှန်ဘူး ဒီကြားထဲဆိုင်ကယ်ကိုလဲပျက်အောင်စီးတဲ့ကောင်တွေ"
"ကျုပ်ကလဲကျုပ်ကိစ္စနဲ့ကျုပ်မို့သာ ပြန်အပ်ရတာပါ"
"ဟုတ်ပါပြီကွာ ငါနားလည်ပါတယ် မင်းမယူတော့ဘူးဆိုတော့လဲ နောက်တစ်ယောက်ငှားရမှာပေါ့"
" ဒါဆိုကျုပ်ပြန်ဦးမယ်ကိုဇော်ကြီး သွားစရာရှိသေးလို့"
"အေးအေး"
ကိုဇော်ကြီးအိမ်ကနေပြန်ပြီး
နေ့စဥ်လုပ်နေကျအလုပ်ကို ပြီးအောင်လုပ်ရသည်။မနက်ခင်းကိုအရီးလေးအားကုန်စိမ်းကြိုပြီး ဝပ်ရှော့သို့အပြေးသွားရသည်။အလုပ်ထွက်မည်ဆိုတဲ့အကြောင်းအလုပ်ရှင်ကိုပြောတော့ ဘာလို့လဲကနေအစချီတဲ့မေးခွန်းတွေက အားလုံးဆီမှ။ကိုယ့်ကိစ္စနဲ့ကိုယ်ဟုပြောခဲ့ပြီး လခကိုယူကာအိမ်ပြန်ရမည်။ဒီနေ့တစ်နေကုန် အလုပ်ရှုပ်နေတာနဲ့ထမင်းတောင်မစားရသေး။အိမ်သို့အရောက်....
"အမလေး က်ိုယ်တော်ချော ပြန်လာသေးတယ်နော် လာစမ်းပါဦးအေ ငါပြောစရာရှိလို့"
YOU ARE READING
နွေးထွေးသောချစ်ခြင်းများဖြင့်. . . .
Romance[Own Creation] Slow romance /BL A love story between two boys.