- 20 - [ U ]

5.5K 533 20
                                    


"စိုင်းဉာဏ်"

"ဗျာ"

"ငါရေချိုးဖို့ ရေမရှိဘူး"

"ကျုပ်ရေမောင်းပေးမယ် ခဏလေးစောင့်"

"အင်း"

အိမ်ဘေးမှာထင်းခွဲနေရင်းဖြင့် ရောင်ဝါ့အသံကြောင့်ထိုနေရာမှထကာ ရေကပြင်သို့သွားလိုက်သည်။ရေညှိတတ်နေတဲ့ကြမ်းပြင်ကြောင့်သူတောင်လဲကျတော့မလို။နောက်နေ့တော့ဒီနေရာတွေကို ဘရက်ရှ်နဲ့နာနာတိုက်ပြစ်ရမည်။မဟုတ်ရင်ရောင်ဝါချော်လဲနေမည်။

ရေမော်တာက ရေဘယ်လောက်ချူပြီးမောင်းနေမောင်းနေ တစ်စက်ကလေးမှကျမလာ။ညဘက်တွေမောင်းမှရမယ်ထင်၏။

"စိုင်းဉာဏ် မရဘူးလား"

"အင်း ရေမလာဘူး"

"ငါရေချိုးမလို့ပါဆို ရေကလဲမလာဘူး"

နှုတ်ခမ်းဆူနေပြီဖြစ်တဲ့သူကြောင့် စိုင်းဉာဏ်ကြံရတော့မည်။အသန့်ကြိုက်လေးက တစ်နေ့ကိုရေနှစ်ခေါက်လောက်ချိုးသည်မဟုတ်လား။

"အိမ်နောက်ဖေးကရေတုန်ကင်မှာရေသွားနှိပ်ကြည့်ဦးမယ် ရရင်ကျုပ်ဆွဲထည့်ပေးမယ်နော်"

"ရအောင်လုပ်ပေးနော်"

"ဟုတ်ပါပြီဗျာ"

အဲ့ဒီနောက်ရောင်ဝါ့ပါးမို့မို့အသာလေးဆွဲကာ ရေပုံးကိုယူပြီးနောက် ရေတုန်ကင်ရှိရာအိမ်အနောက်ဘက်သို့ပြေးရတော့သည်။ထိုရေတုန်ကင်က အရီးရင်စိန်တို့နေကတည်းကသုံးခဲ့တာဆိုတော့အတော်ကိုကြာပြီ။မသုံးဘဲထားတာလဲကြာပြီဆိုတော့ရေရပါ့မလားတွေးပူနေတာအမှန်။

အပေါ်အောက်ကိုအားကုန်သုံးကာနှိပ်ချတော့ ရေအနည်းငယ်ကပုံးထဲသို့ကျသည်။စစချင်းဆိုတော့ရေနောက်တွေဖြစ်နေတာအမှန်။အနည်တွေပါတဲ့ နှစ်ပုံးသုံးပုံးလောက်ကိုသွန်ပြစ်ပြီးနောက် ချစ်ရသူချိုးဖို့ရေခပ်ရတော့သည်။

"ရောင်ဝါ ဒီမှာချိုးနှင့်"

"မင်းကသွားလေ ငါရေချိုးမလို့ပါဆ်ို "

"ဟောဗျာ ကျုပ်ရေဆွဲထည့်ပေးနေတယ်လေ ခင်ဗျားက ရတဲ့ရေလေးနဲ့ချိုးနှင့် မြန်မြန်ချိုးနော် အအေးပတ်မယ်"

နွေးထွေးသောချစ်ခြင်းများဖြင့်. . . .Where stories live. Discover now