- 10 - [ U ]

7K 672 71
                                    


လူကြီးပီပီမျက်လုံးကသိပ်မကောင်းချင်တာမို့ မျက်မှန်ကိုတပ်လျှက်စာကြည့်ခန်းရဲ့ဆိုဖာခုံပေါ်မှာ ဦးဘုန်းရောင်ဝါသည် ခြေချိတ်လျှက်စာအုပ်ထိုင်ဖတ်နေတာဖြစ်သည်။

'ကျွီ'

တံခါးဖွင့်သံကြားသည်နှင့်တစ်ပြိုင်နက်လှည့်ကြည့်လိုက်တော့ သမီးငယ်။

"ဒယ်ဒီ"

"ဘာကိစ္စရှိလို့လဲ သမီး"

"ပြောစရာလေးရှိလို့ဒယ်ဒီ"

ဒယ်ဒီ့အတွက်အောက်ထပ်ကယူလာတဲ့ ကော်ဖီနဲ့မုန့်ပန်းကန်ကိုခုံပေါ်တွင်တင်လိုက်ကာ ရှေ့ဘက်ကခုံအလွတ်တွင်ထိုင်ပြီးစကားစဖို့ပြင်သည်။ဒီရက်ထဲမှာကိုကိုက သူ့အပေါ်သိပ်ကိုအေးစက်နေသလို ၊အရေးတယူမရှိသလို လမင်းရောင်ဝါခံစားနေရသည်။ဒါ့ကြောင့် သူဖြစ်ချင်တဲ့ကိစ္စကိုဒယ်ဒီ့ကိုပြောပြဖို့လာခဲ့ခြင်းသာ။

"ကိုကိုနဲ့သမီးကိုစေ့စပ်ပေးပါဒယ်ဒီ"

"ဘာလို့လဲ သမီးငယ် မောင်နေမင်းနဲ့ကအခုလဲအဆင်ပြေနေတယ်မလား"

"မပြေတာမဟုတ်ပေမယ့် ကိုကို့ရဲ့သက်ဆိုင်သူကသမီးတစ်ယောက်ထည်းဖြစ်ချင်တယ်ဒယ်ဒီ လက်မထပ်ရသေးလဲ စေ့စပ်ထားမယ်ဆိုရင် ကိုကိုကသမီးအပိုင်ဖြစ်ဖို့တစ်ဝက်ကျိန်းသေနေပြီမလား ပြီးတော့ကိုကို့ကိုသမီးဆီကနေ တခြားသူလုယူသွားမှာမလိုလားဘူးဒယ်ဒီ ဒီလောက်ဆိုဒယ်ဒီသိမှာပါ"

သမီးဖြစ်သူဆီက စကားကြောင့်ဦးဘုန်းရောင်ဝါသည်တပ်ထားတဲ့မျက်မှန်ကိုချွတ်လိုက်ပြီး စာအုပ်ကိုပိတ်လိုက်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။ လူငယ်သဘာဝသမီးငယ်မှာ မောင်နေမင်းအပေါ်ခံစားချက်တွေက ငယ်ငယ်တုန်းကလိုအကိုတစ်ယောက်လို့သဘောထားနေတာမဟုတ်မှန်းသိပါသည်။

"သမီးကကျောင်းမပြီးသေးဘူးလေလမင်း ဒယ်ဒီကဒီကိစ္စကိုစဥ်းစားစေချင်တယ် အချိန်တန်ရင်မောင်နေမင်းနဲ့သမီးကို ဒယ်ဒီကလက်ထပ်ပေးမှာပါ"

"အဲ့အချိန်ထိမစောင့်နိုင်ဘူးဒယ်ဒီ သမီးပွင့်ပွင့်လင်းလင်းဘဲပြောတော့မယ် ကိုကို့ကသမီးထက်ရောင်ဝါ့ကိုအရေးပေးနေတာမကြိုက်ဘူး ပြီးတော့ ရောင်ဝါကကိုကို့ကိုအရင်ကဘယ်လိုသဘောထားခဲ့လဲဒယ်ဒီသိမှာဘဲ အဲ့ဒါ့ကြောင့်သမီးစိုးရိမ်တယ်ဒယ်ဒီ သမီးကိုနားလည်ပေးပါ"

နွေးထွေးသောချစ်ခြင်းများဖြင့်. . . .Where stories live. Discover now