- 24 - [ U ]

3.3K 267 31
                                    


"ဒုန်း! ဒုန်း!"

"တံခါးဖွင့်ပေး တံခါးဖွင့်ပေးပါ!"

စိုင်းဉာဏ်ဆီကနေအတင်းခေါ်ထုတ်လာပြီး ဒယ်ဒီကသူ့ကိုအခန်းထဲ၌တံခါးသာပိတ်ထားသည်။အခန်းတံခါးကို တဒုန်းဒုန်းထုကာ အော်ဟစ်မိရင်း မျက်ရည်တွေကပါးပြင်ပေါ်သို့ကျဆင်းလာပြန်၏။စိုင်းဉာဏ်ကို သတိရသည်။အခုဆိုဒီကောင်လေးအဆင်ပြေပါ့မလား။ဒယ်ဒီထိုးထားတဲ့အရှိန်နဲ့ဒဏ်ရာတွေရော ဖူးယောင်နေမလား။စတဲ့စိုင်းဉာဏ်အတွက်စိုးရိမ်မှုတွေသူ့ရင်ထဲပြည့်လျှံနေသလို သူတို့နှစ်ယောက်ဝေးသွားခဲ့ရင်.....။ဟင့်အင်းဘာကိစ္စစိုင်းဉာဏ်နဲ့ဝေးရမှာလဲ။

"သား ရောင်ဝါ ထမင်းစားရအောင်လေ"

"မစားချင်ဘူး အန်တီယဥ် ကျွန်တော့်ကိုစိုင်းဉာဏ်ဆီပြန်ပို့ပေးပါနော် ဒယ်ဒီ့ကိုပြောပေးပါ"

"သားရယ်...."

ရောင်ဝါကမျက်ရည်တွေဖြင့်သူမ.လက်ဖဝါးကိုဆုပ်ကိုင်၍ပြောသည်။ဒီလိုမျိုးတွေဖြစ်လာတာသူမ.ကြောင့်ပင်။သူမသာ ရောင်ဝါ့နဲ့သွားမတွေ့ခဲ့ပါလျှင်  ဒါမျိုးတွေဖြစ်လာမှာမဟုတ်။

ရက်သတ္တပတ်ကြာသည်အထိဦးဘုန်းရောင်ဝါက အပြင်မထွက်ခိုင်းဘဲ ရောင်ဝါ့ကိုအခန်းထဲမှာသာထားသည်။အစားအသောက်နဲ့ကျန်တာကိုအန်တီယဥ်က အခန်းထဲသို့လာပို့ပေးသည်။သူ့ဘဝက အချုပ်နှောင်ခံထားရတဲ့ငှက်ကလေးတစ်ကောင်အတိုင်းပင်။အလွမ်းဆိပ်တတ်နေတာမို့ အစားကလဲသိပ်မဝင်။

မျက်ရည်စတွေကိုလက်ဖဝါးဖြင့်သုတ်လိုက်ပြီး အခန်းဝကိုအကြည့်ရောက်မိတော့ အလင်းတန်းဝင်ယုံလောက် တံခါးကအနည်းငယ်ဟနေ၏။အန်တီယဥ်ပြန်ထွက်သွားပြီး တံခါးလော့ခ်မချမိတာဖြစ်မည်။ ရောင်ဝါအလျှင်အမြန် အခန်းထဲကထွက်ဖို့ပြင်လိုက်သည်။လှေကားထစ်တောက်လျှောက်ကို အသံမထွက်အောင်ထိန်းသွားပြီး အိမ်ရှေ့ပေါက်ဝနားရောက်တော့.....

"ရောင်ဝါ ဒါနင်ဘယ်သွားမလို့​လဲ ဒယ်ဒီနင့်ကိုဘာမှာထားလဲ"

နောက်ကခေါ်နေတဲ့ လမင်းရဲ့အသံကြောင့်တစ်ချက်လှည့်ကြည့်လိုက်ပြီး ဘာမှမပြောဘဲထွက်သွားမည်အပြု ကိုနေနှင့်မျက်နှာချင်းဆိုင်ဆုံသည်။

နွေးထွေးသောချစ်ခြင်းများဖြင့်. . . .Where stories live. Discover now