ရှယ်ယာရှင်တွေနဲ့တွေ့ဆုံပွဲမရှိတဲ့အပြင်meetingလဲမရှိတာမို့ ဦးဘုန်းရောင်ဝါသည်ဘယ်ကိုမှမသွားနေတော့ဘဲ အိမ်သို့သာစောစောပြန်လာဖြစ်သည်။လမ်းထဲသို့ကားဝင်လိုက်သည်နှင့်တစ်ပြိုင်နက် စက်ဘီးတစ်စီးကိုလှမ်းမြင်နေရ၏။မိုးဖွားလေးတွေကျနေတဲ့အချိန်ဖြစ်၍ ကားမှန်အတွင်းကနေ အရှေ့ကိုသေချာမမြင်ရ။မိုးမှောင်နေတာမို့ကားမီးကိုထိုးလိုက်တော့ မျက်စိရှေ့မှာမြင်လိုက်ရတာကသူ၏သားဖြစ်သူ။ဒါ့အပြင်ညစိမ်းရောင်ဝါက ယောကျ်ားတစ်ယောက်နဲ့အတူဖက်လို့နေသည်။ဒေါသထွက်တာရော ပတ်ဝန်းကျင်ကလူတွေမြင်မှာကိုရှက်တာရောကြောင့် အသံမာမာဖြင့်သားဖြစ်သူအားခေါ်လိုက်သည်။
"ညစ်ိမ်းရောင်ဝါ မင်းအဲ့ဒါဘာလုပ်နေတာလဲ"
"ဒယ်ဒီ!"
ကားပေါ်ကနေဒေါသတကြီးဖြင့်ဆင်းလာကာ သူ့အားကြည့်နေတာမို့ရောင်ဝါ အတော်လေးကိုကြောက်ပါသည်။သူ့ကိုတစ်ချက်ကြည့်ပြီး စိုင်းဉာဏ်ဆီသို့ဒယ်ဒီကဦးတည်သည်။ပြီးနောက် ခပ်ပြင်းပြင်းလက်သီးတစ်ချက်အား စိုင်းဉာဏ်မျက်နှာပေါ်သို့....
"ခွပ်! "
"ခွပ်!"
"ဒယ်ဒီ"
ဆွဲတားချိန်တောင်မရလိုက်ပါ။
နှစ်ချက်နီးပါးဆက်တိုက်ကျရောက်လာတဲ့ လူကြီးတစ်ယောက်ရဲ့လက်သီးပြင်းပြင်းကြောင့်စိုင်းဉာဏ်ရဲ့နှာခေါင်းမှာသွေးထွက်လို့နေပြီ။"မင်းကဘာအဆင့်ရှိလို့ ငါ့သားကိုအခုလိုလုပ်ရဲရတာလဲ ဟမ်"
"ကျုပ်...ကျုပ်ရောင်ဝါ့ကိုချစ်လို့"
"ဘာကွ"
"ခွပ်!"
တတိယမြောက်လက်သီးချက်ကြောင့်စိုင်းဉာဏ်ခေါင်းတွေတောင်မူးလာရသည်။
"မင်းလိုအဆင့်မရှိတဲ့ကောင်ရဲ့ပါးစပ်က ဒီရွံစရာစောက်စကားထွက်လာရဲသေးတယ် ထွီ"
ရွံရှာဖွယ်မျက်နှာဘေးဖြင့် တံတွေးစတစ်ချို့အားဘေးသို့ထွေးလိုက်ကာ ဦးဘုန်းရောင်ဝါကစကားဆက်သည်။
"ငါ့သားအနားမှာ မင်းကိုနောက်တစ်ခါထပ်မတွေ့ချင်ဘူး ဟေ့ကောင်"
YOU ARE READING
နွေးထွေးသောချစ်ခြင်းများဖြင့်. . . .
Romance[Own Creation] Slow romance /BL A love story between two boys.