- 5 - [ U ]

8.5K 708 40
                                    


လူချမ်းသာတွေနေတဲ့လမ်းဖြစ်တာကြောင့် ညအချိန်၌တိတ်ဆိတ်လျှက်ရှိသည်။စိုင်းဉာဏ်လက်ထဲအိတ်တစ်လုံးကရှိနေသလို ထိုထဲမှာဘာတွေပါလဲသူသာသိလိမ့်မည်။တခြားခြံကအိမ်မွေးခွေးတွေဟောင်နေသော်ငြားဂရုမစိုက်ပါဘဲ ခြံတံခါးကိုတဖြည်းဖြည်းကျော်တတ်လိုက်သည်။

ညမီးဝါဝါလင်းနေတဲ့ဝရံတာဒေါင့်နားကအခန်းလေးထဲမှာရောင်ဝါရှိနေမှန်းသိသည်။ခြံနောက်ဖက်ကနေကုတ်ဖက်တတ်ပြီးနောက်ဝရံတာပေါ်သို့ရောက်ပြီ။ထိုမှတစ်ဆင့် ပိတ်ထားတဲ့မှန်တံခါးလေးကိုအသာခေါက်လိုက်တော့

'ဒေါက် ဒေါက်'

ညစိမ်းရောင်ဝါသည်တံခါးခေါက်သံကိုကြားရတာကြောင့်မျက်ရည်တွေကိုသုတ်ပြစ်လိုက်ကာအပြင်သို့တစ်ချက်ကြည့်လိုက်သည်။ဒီအချိန်ကြီးသူ့အခန်းမှန်တံခါးကိုဘယ်သူကလာခေါက်တာလဲ။

'ဒေါက် ဒေါက်'

"ဘယ်..ဘယ်သူလဲ"

"ရောင်ဝါ"

သူ့ကိုမြင်တော့လန့်ဖြန့်ကာ အသံထွက်အော်တော့မယ့်ရောင်ဝါ့ရဲ့ပါးစပ်ကိုအမြန်အုပ်လိုက်သည်။မဟုတ်ရင်ဒီအိမ်ကလူတွေမိကုန်မှာ။

"မလန့်ပါနဲ့ ကျုပ်ပါ"

"ဟင် စိုင်းဉာဏ် မင်းဘယ်ကနေဘယ်လိုဒီကိုရောက်လာတာလဲ"

"ခိုးဝင်လာတာ"

"ဘာဖြစ်လို့လဲ"

"ဒီလမ်းထဲကဖြတ်သွားရင်းနဲ့ခင်ဗျားအိမ်ကိုကြည့်လိုက်တော့ ဦးလေးကခင်ဗျားပန်းချီစာရွက်တွေကိုဖျက်ဆီးနေတာတွေ့လိုက်လို့ အဲ့ဒါနဲ့ဝင်လာလိုက်တာ"

တမင်သက်သက်ခင်ဗျားဆီလာတွေ့တာလို့တော့သူမပြောဖြစ်။

"ငိုနေတာလား ရောင်ဝါ"

"ငါ..ငါ့ကိုဒယ်ဒီကနားလည်မပေးဘူး အင့်.."

တအိအိရှိုက်ငိုနေတဲ့ရောင်ဝါ့ခင်မျာဘယ်လောက်ထိဝမ်းနည်းနေလိုက်မလဲ။ငိုထားတာကြာပြီထင်သည် မျက်လုံးတွေကမို့အစ်လို့။ညအိပ်အကျီဝမ်းဆက်လေးနဲ့ရောင်ဝါ့ကိုကြည့်ရတာ ကလေးလေးတစ်ယောက်ငိုနေတဲ့အတိုင်းပင်။

နွေးထွေးသောချစ်ခြင်းများဖြင့်. . . .Where stories live. Discover now