Unicode
.................
(Note that: Pdf file or တခြားမည်သည့်file မဆိုပြောင်းပြီး ကူးယူဖြန့်ချီခွင့်မပြုပါ)ကျယ်ဝန်းလှတဲ့ပင်လယ်ပြင်မှာ ငါးဖမ်းလှေတစ်စီး.... ထိုလှေမှ လူနှစ်ဦးသည် သူတို့၏ငါးဖမ်းပိုက်ကွန်ကို ဆွဲတင်နေကြသည်။ ထိုနေ့က မိုးသက် မုန်တိုင်းများလည်း ပြင်းထန်စွာကျနေသဖြင့် ငါးရမရသူတို့မသေချာ။
' ဒိန်း... ဂျလိန်း'(မိုးကြိုးသံ)
'' မြန်မြန်တင်... မိုးအရမ်းပြင်းလာပီ''
'' ကျစ်..... ဒီနေ့မှ မုန်တိုင်းဝင်နေတယ်ဟေ့''
'' မုန်တိုင်းလာချိန်ဆို ငါးပိုရတယ်ဟ... ငါတို့လာတာမှန်သွားပီ''
''ဟုတ်တယ်... ပွပေါက်တိုးပီကွ''
သူတို့ပြောပီး မကြာမီ ပိုက်ကွန်ထဲ ငါးအမြောက်အများရခဲ့သည်။ လှိုင်းရဲ့ ပြင်းထန်တဲ့ ရိုက်ချက်နဲ့အတူ တစ်ချို့သော ငါးတွေဟာ လှေထဲသို့ ခုန်ဝင်လာကြသည်။
'' ပွပီဟေ့''
''မြန်မြန်တင်.... မုန်တိုင်းကပိုပြင်းလာပီ''
လေကြမ်းတွေတိုက်ခတ်လာပီး လှိုင်းတွေကလည်း ပိုမိုပြင်းထန်စွာရိုက်ခတ်လာတာကြောင့် လှေငယ်လေးမှာ ဒယိမ်းဒယိုင်ဖြစ်လာသည်။ အမိုးပါတဲ့ လှေအမျိုးအစားဖြစ်တာကြောင့် လှေအတွင်းပိုင်းမှာ ထိုငါးဖမ်းသမားရဲ့ ဇနီးသည်နဲ့ ကလေးတစ်ယောက်လည်းပါနေသည်။
'ဂလုန်းဂလုန်း ဂျလိန်း'
''အူဝဲ... အူဝဲ''(ကလေးအော်ငိုသံ)
မိုးချိန်းသံနဲ့အတူ ကလေးငယ်ရဲ့ငိုသံဟာလည်း ကျယ်ပြန့်လို့လာသည်။ အမေကတော့ ကလေးအငိုတိတ်အောင်ချော့မြူကာနေသည်။
''ကျွတ်ကျွတ် ကလေးရယ် တိတ်ပါတော့ကွယ်''
''အူဝဲ...အူဝဲ''
အမေကကြိုးစားပီးချော့မြူသော်လည်း ထိုကလေးမှာအငိုမတိတ်နိုင်ရှာ။ အမျိုးသမီးမှာ အပြင်မှာကျန်ခဲ့တဲ့ သူမရဲ့အမျိုးသားကိုလည်း စိုးရိမ်နေတာကြောင့် ကလေးကိုချော့ရာမှာ အရာသိပ်မဝင်ချင်။
သူမတို့ဇနီးမောင်နှံမှာ အလွန်ဆင်းရဲတာကြောင့် ဒီငါးဖမ်းလှေလေးကိုပဲအမှီပြုလုပ်ကိုင်စားသောက်နေရသည်လေ။ ငါးမရတဲ့နေ့တွေကများပြားလွန်းလှတာကြောင့် ငတ်တဲ့နေ့တွေဆိုသည်မှာမရေတွက်နိုင်အောင်ပင်။
YOU ARE READING
Once Upon In Deep Ocean (Completed)
RomancePdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ ရှောင်ဟုန်ရဲ့ တတိယမြောက် Fiction လေးပါ။ ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢 Ple...