Unicode
.................အေရီတစ်ယောက် ရေထဲမှာ သတိမေ့သွားပီး ပြန်နိုးထလာတော့ ကုန်းပေါ်ပြန်ရောက်နေခဲ့သည်။ သူပတ်ဝန်းကျင်ကိုကြည့်မိတော့ သူ့ရဲ့ လျှို့ဝှက်နေရာလေးနဲ့ မနီးမဝေးတွင်ရှိနေသည်။
သူ့အတွေးတွေကို ပြန်ဖော်ကြည့်လိုက်တော့ သူတွေ့လိုက်တဲ့ သတ္တဝါက ဒဏ္ဍာရီလာ ရေသူမျိုးနွယ်ဖြစ်ကြောင်းသိလိုက်ရသည်။ သူအတော်ပင်အံ့သြနေခဲ့သည်.....
*ဒါဆို ရေသူမျိုးနွယ် တွေက တကယ်ပဲရှိနေခဲ့တာလား*
သေချာတာ တစ်ခုကတော့ သူမျက်စိမမှားနိုင်ဟုယုံကြည်နေခဲ့သည်။ အဲ့ရေသူလေးက အပြာရောင် အမြှီးတောက်တောက်လေးနဲ့ အလွန်ပင်ကြည့်ကောင်းလွန်းသည်။ စိတ်မကောင်းစရာကတော့ ထိုရေသူလေးရဲ့ မျက်နှာသွင်ပြင်ကို သူသေချာမမှတ်မိတော့။ သူသိတာဆိုလို့ ရွှေရောင်ဆံနွယ်ရှည်နဲ့ မိုးပြာရောင် ပြောင်လက်နေတဲ့ အမြှီးကြီးတစ်ခုတည်းသာ။
အေရီ ပင်လယ်ပြင်ကြီးကို ခပ်ဆွေးဆွေးပြန်ငေးကြည့်ရင်း တစ်အောင့်ကြာတော့ အိမ်ပြန်လာလိုက်သည်။ သူ မထင်ထားခဲ့တာက ထိုနေ့မှာ သူ့ဘဝရဲ့ ကြီးမားဆုံးသော အန္တရယ်ကြီးတစ်ခု ကြုံတွေ့မည်ကိုပင်။
တစ်ချိန်တည်းမှာပဲ ရေအောက်ကြမ်းပြင်တွင် အယ်လ်တစ်ယောက် သူ့တီလေး ဆန်းမင်းသမီးလေးကို စောင့်မျှော်နေလေသည်။ သူအနီးအနားက ငါးတွေနဲ့ ကူးခတ်နေရင်း သူ့တီလေး ပြန်လာခဲ့သည်။
တီလေးက ရောက်လာလာချင်း အယ်လ်ရဲ့လက်ကို အလောတကြီးဆွဲကာ တစ်နေရာသို့သွားရန် တာဆူနေလေသည်။ အယ်လ်လည်း သူ့တီလေးရဲ့ လက်ကို ပြန်ဆွဲကာမေးလိုက်သည်။
''တီလေး ခဏနေပါဦး.... သားတို့ဘယ်သွားကြမလို့လဲ''
''ဒီနေရာက မလုံခြုံဘူး သားငယ်.... တီလေးတို့ မြန်မြန်သွားမှရမယ်''
''ဒါပေမဲ့တီလေး... သားတို့က....''
''သားငယ်... တီလေးကိုကြည့်.... ခုချိန်မှာ သားငယ်သိချင်တာတွေ အရမ်းများမှာ တီလေးနားလည်တယ်။ ဒါပေမဲ့ ခုတော့ တီလေးတို့ဘေးကင်းတဲ့နေရာကို အရင်ပြောင်းရမယ်။ ပီးရင် သားငယ်သိချင်တာ အကုန်မေးနိုင်တယ်.... တီလေးပြောပြပေးမယ်''
YOU ARE READING
Once Upon In Deep Ocean (Completed)
RomancePdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ ရှောင်ဟုန်ရဲ့ တတိယမြောက် Fiction လေးပါ။ ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢 Ple...