🐬🐬🐬

391 18 0
                                    

Unicode
................

နောက်ဆုံးတော့ တစ်ဖန်နှုတ်ဆက်ရမဲ့အချိန် ပြန်လည်ရောက်ရှိလာခဲ့ပါပီ။ အမှန်အတိုင်းဝန်ခံရရင် ကိုယ်တွေ ဒီနောက်ဆုံး Fiction ကို သိပ်အားမရဘူး။ စိတ်ကူးပေါ်လာတဲ့အတိုင်းသာ ချရေးခဲ့ပေမဲ့ လက်တွေ့မှာတော့ တကယ်မလွယ်ကူလှဘူး။

ပထမဦးဆုံး အေရီရဲ့ ငယ်ဘဝကမနှစ်မြို့စရာအကြောင်းတွေ၊ မြို့ပေါ်ကအယူသီးမှုတွေ၊ ဒါတွေက စဥ်းစားတဲ့အထဲမှာမပါခဲ့ဘူး။ ဇာတ်လမ်းအစမှာ ပထမစဥ်းစားမိတာက အေရီက လူသားနဲ့ရေစုန်းအစပ်ကလေးလုပ်မယ်ပေါ့။ ဒါပေမဲ့ နောက်ပိုင်းတော့ လူသားအစစ်အမှန်ပဲ ပြောင်းလဲခဲ့တာ။

ပီးတော့ ရေအောက်ကတိုက်ပွဲတွေကလည်း အစပိုင်းစဥ်းစားတုန်းက မပါခဲ့တဲ့အရာတွေပဲ။ ဒီတိုင်းရိုးရိုးပဲတွေးခဲ့တာ မော်လီနဲ့ အယ်လ်တို့ရဲ့ ရန်ညှိုးတွေကို အဆုံးသတ်လိုက်ပီး မော်လီကိုသေခိုင်းလိုက်မယ်ပေါ့။ ဒါပေမဲ့ တကယ်ရေးတော့လည်း မသေခိုင်းဖြစ်ခဲ့ပဲ ဒီတိုင်းတခြားနေရာမှာပဲ ပျောက်ကွယ်ကာနေထိုင်နေသေးတဲ့ပုံစံဖြစ်သွားခဲ့တယ်။ အတွေးနဲ့ လက်ကတခြားစီပါနော်။😅😅😅

ကိုယ်တွေက အပျော်တမ်း ဝါသနာအရရေးတာဆိုတော့ ဒရမ်မာတွေမပိုင်ဘူးထင်တယ်။ ကိုယ်တွေအထင်တော့ ပထမဆုံးSoulmates လောက်အရေးအသားသိပ်မကောင်းဘူး များလားလို့။ စာဖတ်သူတွေတော့ ဘယ်လိုထင်ကြလဲ။ ဝေဖန်အကြံပေးနိုင်ပါတယ်နော်။

ပီးတော့ အရှေ့မှာပြောခဲ့သလိုပဲ Extra လေးတစ်ခုရေးပေးချင်ပါတယ်။ အဲ့ Extra ကဇာတ်လမ်းနဲ့မဆိုင်တဲ့ ပုံစံလည်းဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။ ကိုယ်တွေကတော့ ပထမဆုံး Fiction မှာရေးမလားလို့ စဥ်းစားထားတာပေါ့နော်။

Readerလေးတစ်ယောက် အကြံပြုထားတာလေး သတိရလိုက်လို့... အဲ့တုန်းကလည်း စဥ်းစားပေးမယ်ပြောပီး အချိန်တော်တော်ကြာ မရေးဖြစ်ခဲ့ဘူး။ ခုမှစိတ်ကူးပေါက်လာလို့ ကောက်ရေးမလို့ပါ။😆

အင်း...ဘာပဲဖြစ်ဖြစ် ဒီရေသူလေးဇာတ်လမ်းကို အဆုံးထိဖတ်ပေးခဲ့ကြတဲ့ စာဖတ်သူလေးတွေကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။ နှစ်လကျော်ကာလအတွင်း Ongoingလိုက်ပီး ဖတ်ပေးကြတဲ့သူတွေကော၊ Vote တွေ၊ Comment တွေ ရေးပေးကြတဲ့သူတွေကော၊ Silent Readers လေးတွေကော၊ ဒါ့အပြင် အဆုံးသတ်မှဖတ်မယ်ဆိုပီး RLထဲထည့်ပေးထားကြတဲ့ စာဖတ်သူတွေကော အားလုံးအားလုံးကို ကျေးဇူးတင်လျှက်ပါ။ 🙏🙏🙏

Once Upon In Deep Ocean (Completed)Opowieści tętniące życiem. Odkryj je teraz