Unicode
................အယ်လ်တစ်ယောက် အခန်းထဲတွင် ကြောင်အ,ပီးကျန်ခဲ့လေသည်။ အေရီ... တစ်ကယ်ပဲသူရှာနေသူလေး အေရီဖြစ်နေလေသည်။ ချာတိတ်ဆီက သူ့ရဲ့အမြုတေ စွမ်းအင်ဓာတ်ကိုခံစားမိလိုက်သည်။
ထိုပင်လယ်ပြာရောင် အမြုတေလေးက အေရီ့ရဲ့ ခန္ဓာကိုယ်တွင်းမှာ ကောင်းမွန်စွာတည်ရှိနေသေးသည်လေ။ အေရီလေးက သူမတွေ့ရတဲ့ အတော်အတွင်းမှာ အတော်ပင်ပြောင်းလဲသွားသည်။ သို့သော် မပြောင်းလဲသောအရာကတော့ ပို၍ပင်ချစ်ဖို့ကောင်းလာခြင်းပင်။
အယ်လ် သူ့ရဲ့ နှုတ်ခမ်းလေးကိုကိုင်ကာ မိန့်မိန့်ကြီးပြုံးနေမိသည်။
ချစ်ရသူအေရီလေးက သူ့အနီးနားမှာရှိတာ ဘယ်လောက်ကောင်းလိုက်သလဲ။ ခုတော့ ထွက်ပြေးသွားတဲ့ ကြောင်ပေါက်လေးကို ဖမ်းဖို့လုပ်ရဦးမယ်လေ။အေရီ ဒီနေ့တစ်နေကုန် စိတ်နဲ့လူနဲ့မကပ်ငူငူကြီးဖြစ်နေသည်။ အက်ဇရာကတော့ သူ့အား ဘေးနားကနေ အကဲခတ်ကာနေသည်။
'' အေရီ... အေရီအဆင်ပြေရဲ့လား''
''ဟင်း...(sigh) ''
''????''
အေရီက တစ်ချိန်လုံးသက်ပြင်းချနေပီး ခုလည်း ကြမ်းတိုက်တာ တစ်နေရာတည်းချည်းတိုက်နေပြန်ပီ။ ဓာတ်လှေကားရှေ့နား နေရာတွင်ပဲ တိုက်နေတာ အဲ့နားကပဲကွက်ပြောင်နေပီ။ ဒင်းက အဲ့ရှေ့ကတုတ်တုတ်ပင်မလှုပ်။ မတော် ဧည့်သည်တွေလာနေမှဖြင့်ဟု အက်ဇရာတစ်ယောက် တွေးနေမိသည်။
ထင်သည့်အတိုင်း ခဏအကြာမှာ check in တစ်ခန်းဝင်လေသည်။ ဧည့်သည်အမျိုးသမီးက ဓာတ်လှေကားတွင်းဝင်ဖို့လုပ်ရာ အေရီကလည်း စိတ်နဲ့လူနဲ့မကပ်တာကြောင့် ကြမ်းတိုက်နေသည့်ရေပုံးကိုတိုက်မိကာ အမျိုးသမီးရဲ့ ခြေထောက်ပေါ်မှောက်ကျကုန်သည်။ မလှမ်းမကန်းမှာရှိနေတဲ့ အက်ဇရာလည်း အနားသို့ရောက်လာကာ အခြေအနေအားအကဲခတ်နေသည်။
'' အား... နင်ဘယ်လိုလုပ်လိုက်တာလဲ''
'' ဟင်...တောင်း..တောင်းပန်ပါတယ်ဗျ... မတော်တဆပါ။ ကျွန်တော်ပြန်သုတ်ပေးပါ့မယ်''
ဟုဆိုကာ အေရီလည်း လက်ထဲက ကိုင်ထားတဲ့ အဝတ်စနဲ့ သုတ်ပေးရန်ပြင်သည်။ သို့သော် ထိုအမျိုးသမီးကလက်မခံပဲ....
YOU ARE READING
Once Upon In Deep Ocean (Completed)
RomancePdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ ရှောင်ဟုန်ရဲ့ တတိယမြောက် Fiction လေးပါ။ ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢 Ple...