Story 7

672 46 2
                                    

Unicode
.................

A မြို့တော်ရဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်နေရာတွင် လူငယ်တစ်ယောက် မနက်စောစောထကာ ပန်းရောင်းဖို့အတွက်ပြင်ဆင်နေသည်။ အကွက်ပါတဲ့ ရှပ်အင်္ကျီခပ်ပွပွတစ်ထည်ကို အောက်ဘက်မှာ ကွတားဘောင်းဘီတိုလေး တစ်ထည်နဲ့ တွဲဖက်ဝတ်ဆင်ထားကာ နီညိုရောင်ဆံနွယ်ဖျော့ဖျော့တွေကို ကြက်တောင်စည်းသဖွယ် စုချီထားတာကြောင့် ရပ်ကွက်ထဲက ကလေးဗိုလ်နှင့်ပင်တူနေသည်။

အရပ်က ၅ပေ ၁၀လက်မလောက်ရှိပီး အရမ်း​ကြီး ပိန်ပါးမနေဘဲ နှာတံစင်းစင်း၊  အသားဖြူဖြူ၊ ပါးလေးဖောင်းဖောင်းနဲ့ အလွန်ပင်ချစ်ဖို့ကောင်းလှသည်။ ထို့အပြင် နီညိုရောင် နှုတ်ခမ်းဖူးဖူးလေးကလည်း ပြုံးရွှင်နေကာ ပီဘိကလေးတစ်ယောက်နှယ်။ ခန္ဓာကိုယ်တွင်လည်း လက်စွဲ​တော် အရောင်ခပ်နွမ်းနွမ်းနဲ့ လွယ်အိတ်ကလေး တစ်လုံးကိုလည်း စလွယ်သိုင်းကာ လွယ်ပိုးထားသေးသည်။

ထိုသူက အိမ်ထဲကနေ ထွက်လာကာ အိမ်တံခါးအသေအချာသော့ခတ်ပီး သော့ကို သူ့ရဲ့လွယ်အိတ်ထဲပစ်ထည့်ကာ လမ်းလျှောက်ပီး တစ်လမ်းကျော်က ပန်းသည်ဒိုင်ဖြစ်တဲ့ အဒေါ်ကြီး အမ်မလီယာဆီသို့ ချီတက်လာခဲ့သည်။

'' အန်တီရေ.... သားရောက်ပီဗျ''

''အိုး...သားငယ်လေး ရောက်လာပီလား။ ဒီနေ့ပန်းအသစ်တွေရောက်တယ်။ ကျူးလစ်၊ ဂန္ဓမာ၊နှင်းဆီ၊ လီလီ၊ဒေစီ...အစုံပဲတော်ရေ။ အန်တီသားငယ်လေးအတွက် သီးသန့်ဖယ်ပေးထားတယ်''

''ဟုတ်ကဲ့ ကျေးဇူးပါ အန်တီ... ပိုက်ဆံကို ခါတိုင်းလို ပြန်လာမှပဲ ရှင်းမယ်နော်... ဟီးဟီး ''

''ရပါတယ်ရှင်... သားငယ်လေးသာ ရောင်းကောင်းပါစေ''

''ဟုတ်ကဲ့ ပေးတဲ့ဆုနဲ့ပြည့်ချင်ပါတယ်ဗျ.... ဒါဆို ကျွန်တော်သွားပီနော်''

''ဟုတ်ပါပီတော်ရေ''

ကောင်လေးလည်း အန်တီကြီးကို နှုတ်ဆက်ကာ ပန်းတွေယူပီး ရောင်းဖို့အတွက် စျေးထဲသို့ သွားလိုက်သည်။

Azure စျေး>>> ဤစျေးက A မြို့တော်ရဲ့ အကြီးဆုံးစျေးကြီးဖြစ်သလို ဆိုင်ခန်းပေါင်း ထောင်ချီပီး ရောင်းချတဲ့ပစ္စည်း အမျိုးအစားအလိုက်ခွဲကာ အကန့်ဖြင့်ခြားထားသည်။ ဥပမာ> ကုန်စိမ်းဆို ကုန်စိမ်းသီးသန့် အတန်းလိုက် တစ်ကန့် ထားရှိသလိုမျိုး။ စျေးကြီးက အစားအစာသီးသန့်စျေးဖြစ်တာကြောင့် ကျန်သောအသုံးအဆောင်ပစ္စည်းများတော့ ထိုစျေးတွင်မရပေ။

Once Upon In Deep Ocean (Completed)Where stories live. Discover now