Unicode
.................''ဆိုတော့... လာရင်းကိစ္စက''
'' ဒါဆိုကျွန်မ အားမနားတမ်း ဒဲ့တိုးပဲမေးမယ်''
''မေးပါ... ကိုယ်ဖြေနိုင်ရင် ဖြေပေးမယ်။ ပေါက်ကရတော့မဖြစ်စေနဲ့ ပီးတော့ မင်းသိဖို့က ဒါငါ့ရဲ့ပိုင်နက်ထဲမှာနော်။ ကိုယ့်ပစ္စည်းကို နိုင်အောင်သိမ်းထား''
လီလီပြုံးလိုက်မိသည်။ အယ်လ်က ထိုသို့သောလူမျိုးပါ။
'' လွန်ခဲ့တဲ့ သုံးလလောက်က ရှင်တို့Sမြို့ကိုသွားခဲ့တာ ကျွန်မသိတယ်။ ပီးတော့ ကျွန်မသိချင်တာက ရှင်တို့အဲ့နေ့က ရောက်ရောက်ချင်းညမှာတင်ပျောက်သွားခဲ့တယ်။ ပီးတော့ ရုတ်တရက် ဆိုသလို မုန်တိုင်းဝင်ခဲ့တယ်။ ဒါပေမဲ့ ရှင်တို့ပြန်မပေါ်လာခဲ့ဘူး။ ကျွန်မထင်တာမလွဲဘူးဆိုရင် ရှင်လည်း ကျွန်မလိုပဲ ရေမိစ္ဆာတွေနဲ့ ပတ်သတ်နေတယ်မလား။''
''ရေမိစ္ဆာ???''
'' အာ... အဲ့ဒါကဟို တစ်ကိုယ်လုံးအနက်ရောင်အပြည့်ဖြစ်နေတဲ့ ငါးလိုလို မိစ္ဆာလိုလို ရုပ်ဆိုးဆိုးနဲ့အကောင်ကိုပြောတာ.... ရှင်မသိဘူးလို့တော့မပြောနဲ့နော်။ ကျွန်မမျက်စိနဲ့ ကိုယ်တိုင်မြင်ခဲ့တာ''
''အဲ့တော့ မင်းကဘာလုပ်ချင်လို့လဲ''
''ဒါက ကျွန်မသုတေသနလုပ်ဖို့ စာတမ်းတစ်ခုမှာလိုအပ်နေတဲ့အပိုင်းကို ဖြည့်ချင်လို့ပါ''
အယ်လ်က 'သုတေသန' ဆိုတဲ့ စကားလုံးကိုလည်းကြားရော မျက်မှောင်ကြုံ့လိုက်သည်။ သူ့စိတ်ထဲအလိုမကျစွာဖြင့်....
'' စိတ်မကောင်းပေမဲ့ မကူညီနိုင်ပါဘူး''
''ဘာဖြစ်လို့လဲ။ ဘာလို့မကူညီနိုင်ရတာလဲ။ ကျွန်မက တစ်စုံတစ်ခုကို ထိခိုက်အောင်မလုပ်ပါဘူး''
''ဟက်...ဒါကမင်းအပြောလေ... ကိုယ်ကဘယ်လိုယုံရမှာလဲ။ မင်းတို့လူသားတွေက ကတိတည်မဲ့လူစားမျိုးမှမဟုတ်တာ''
''လူသား???''
လီလီ သိပ်နားမလည်မိ...အယ်လ်ကလည်း သူ့အမြင်အရ လူသားပဲမဟုတ်လား။ အင်း...သူမလိုပဲ အစွမ်းရှိလူသားပေါ့။
''........''
'' ရှင်က သိပ်ရယ်ရတာပဲနော်... လူသားချင်းတူတူပဲကို တစ်မူထူးချင်နေသေးတယ်''
YOU ARE READING
Once Upon In Deep Ocean (Completed)
RomancePdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ ရှောင်ဟုန်ရဲ့ တတိယမြောက် Fiction လေးပါ။ ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢 Ple...