Story 22

470 36 2
                                    

Unicode
................

အေရီတစ်ယောက် ဘားတစ်ခုတွင်ရောက်နေပီး dancing floor တွင် တစ်ခြားသော သူတွေနဲ့အတူ တွဲကာ ကနေမိသည်။ ယောကျ်ားလေးကော မိန်းကလေးပါမကျန် သူနားကပ်လာကာ မြူစွယ်နေကြသည်။ သူလည်းပဲ အလိုက်သင့်ထိုသူတွေကြားမှာနေနေသည်။

'' အလှလေး... တစ်ယောက်တည်းလား... ''

''ဘယ်နှစ်ယောက်မြင်လို့လဲ''

'' တစ်ယောက်တည်းပဲမြင်တာပါ။ ကိုယ်တို့နဲ့ မjoin ချင်ဘူးလား။ ကိုယ်...မင်းနဲ့ခင်ချင်လို့ပါ''

အေရီသူ့အားလာကြောင်နေသော ကောင်ကို မျက်ဝန်းလေးနဲ့ ဝင့်ကြည့်လိုက်သည်။ အနည်းငယ်ချောမောတဲ့ထဲပါတဲ့ ထိုသူက ချမ်းသာတဲ့အိမ်က သူဌေးသားတစ်ယောက် ဖြစ်ပုံရသည်။

'' ကောင်းပီလေ''

'' ကိုယ့်နာမည် ရစ်ချက်စ်.... မင်းလေးနာမည်ဘယ်လိုခေါ်လဲ''

''အေရီ.... ''

''အေရီတဲ့လား.... လာ ကိုယ့်သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးမယ်''

''ok''

အေရီ ထိုသူနောက်သို့လိုက်သွားပီး သူ့သူငယ်ချင်းဆိုသူတွေနဲ့ မိတ်ဆက်ပေးလေသည်။ အေရီ ရှေ့စားပွဲမှာတင်ထားတဲ့ ခွက်ကိုယူကာ သောက်သုံးနေသည်။ ခန္ဓာကိုယ်တွင်း ပူဆင်းသွားတဲ့ ခံစားချက်က ခုချိန်မှာ ဘာနဲ့မှမလဲနိုင်ဘူးလို့ ထင်နေတယ်။ ရစ်ချက်စ်ဆိုသူနဲ့ သူ့အပေါင်းအပါတွေက ဒီကိုပုံမှန် လာနေကြတဲ့လေ။

ပီးတော့ သူတို့က အရက်ကိုရိုးရိုးမသောက်ပဲ ဆေးမှုန့်တစ်ချို့ကိုထည့်သောက်နေကြတာ သတိထားမိသည်။ သူတို့က ဒါကသာမာန်အားဆေးမှုန့်ဟုသာပြောကြသည်။ အေရီကတော့ ဘာမှဝင်မပြောပဲထိုင်သာကြည့်နေကြသည်။ ထို့နောက် ရစ်ချက်စ်ရဲ့ သူငယ်ချင်းတွေက ကောင်မလေးတွေနဲ့ ပွတ်သီးပွတ်သတ်နေနေကြသည်။ သို့သော် ထိုအရာက ဒီလိုကလပ်မျိုးမှာ ပုံမှန်မြင်နေကြအရာတွေပဲမို့လား။

ရစ်ချက်စ် ကလည်း သူ့ဘော်ဒါတွေကို ပုံမှန်မြင်နေကြလိုဖြစ်နေတာမို့ ဘာမှဝင်မပြောပေ။ ပီးနောက် ထိုသူက အေရီ့အနားသီု့ တိုးကပ်လာလေသည်။ အေရီသူ့ကို တစ်ချက်ကြည့်ပီး မေးဆတ်ပြလိုက်သည်။

Once Upon In Deep Ocean (Completed)Where stories live. Discover now