Unicode
.................''အား... ကျွတ်ကျွတ်... ဗိုက်နာလိုက်တာ''
ညဘက်ကြီး ရုတ်တရက်နာလာတဲ့ ဗိုက်ကြောင့် အေရီ့ခဗျာ ဒုက္ခရောက်တော့သည်။ အယ်လ်ကလည်း ဒီနေ့မှ ရေအောက်တိုင်းပြည်ကို ခဏပြန်သွားသည်မို့ ပြန်ရောက်မလာသေးချေ။
အိပ်ရာပေါ်ကနေ အားတင်းထ၍ အခန်းအပြင်ဘက်သို့ ထွက်လာခဲ့သည်။
''တီ...တီတီလေးရေ...အား.... ကျွတ်ကျွတ်..နာလိုက်တာ''
'' တီတီလေးရေ!!!"
နာကျင်နေတာကြောင့် အခန်းပြင်ဘက်မှာထိုင်ချလိုက်တော့သည်။ တီလေးက အပေါ်ဘက်သို့ တက်လာကာ အေရီ့ကိုမြင်တော့ အပြေးအလွှားရောက်လာခဲ့သည်။
''ဟယ်... အေရီလေး.. ဘာဖြစ်တာလဲ... ဗိုက်နာလာတာလား''
''ဟုတ်....နာ..နာတယ်''
''ခဏလေးနော် တီလေး အယ်လ့်တို့ကိုခေါ်လိုက်ဦးမယ်။''
ထို့နောက် အေရီ့ကို ရေပူပေါင်းထဲသို့ထည့်ကာ ကုတင်ပေါ်သို့ အသာလေးမ,တင်ပေးလိုက်သည်။ ထို့နောက် အယ်လ်တို့ကို မှော်ခရာကနေတစ်ဆင့် ဆင့်ခေါ်လိုက်တော့သည်။ အယ်လ် ရေအောက်နန်းတော်တွင်းမှာ ညီလာခံတက်နေတုန်း ခရာမှုတ်သံကြားတော့ အမတ်တွေအပါအဝင် အားလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။
ညီလာခံကိုတောင် သေချာအဆုံးမသတ်နိုင်ပဲ ကမန်းကတမ်းထွက်လာခဲ့ရသည်။ အားလုံးကလည်း မင်းမျိုးဆက်တွေ ဖွားမြင်တော့မည်ကို ကြိုသိနေကြ၍ အားလုံးဝမ်းသာနေကြသည်။
''အေရီလေး... အားတင်းထားနော်။ ခဏနေဆို ပီးတော့မှာ''
''ဟုတ်...''
ခဏအကြာမှာ အယ်လ်တို့ရောက်လာပီး အမောတကောမေးတော့သည်။
''အေရီလေးကော...''
''အထဲမှာ ဆန်းလည်းရှိတယ်။''
''ကျွန်တော်ဝင်သွားမယ်''
''အာ... မဝင်ရဘူးလေ... ဒီကောင်လေးနှယ့်တော့''
''ဒါပေမဲ့ ကျွန်တော် စိတ်ပူတယ်လေဗျာ... ခမည်းတော်ကလည်း''
'' အမလေး.... မင်းမွေးတုန်းကတောင် ငါအဲ့လောက်မဖြစ်ပါဘူးနော်။ ငါးတွေကမွေးရင် လူတွေလောက်မနာဘူး။ သမက်တော်လည်း သိပ်နာမှာမဟုတ်ပါဘူးကွာ... ''
ESTÁS LEYENDO
Once Upon In Deep Ocean (Completed)
RomancePdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ ရှောင်ဟုန်ရဲ့ တတိယမြောက် Fiction လေးပါ။ ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢 Ple...